Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုက O-1 ဆေးရုံမှာ အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။

O-1ဆေးရုံ၏ ခွဲစိတ်ခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Dr Tracy

မတ်-၆၊ ၂၀၂၆ ဇေအောင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။

O-1 ဆေးရုံမှာ လက်တလော ၂၄ နာရီ အောက်ဆီဂျင်ရှုနေရတဲ့လူနာများရှိနေပြီး ရင်ဘတ်ထဲ ပိုက်ထည့်ထားရကာ oxygen လိုလာနိုင်တဲ့ လူနာတွေလည်း ရှိနေကြောင်း၊ လက်ရှိမှာ အောက်ဆီဂျင်အိုးတွေ မရတဲ့အတွက် မနက်ကနေညထိ မီးစက်နှိုးပြီး အောက်ဆီဂျင်စက်တွေကို သုံးကာ လူနာတွေကို ကုသပေးနေရကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။

“လက်ရှိကျန်တဲ့ မီးစက်ဆီအရ သဘက်ခါညနေ အထိပဲ အသုံးခံတော့မှာပါ။”လို့ O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက ရေးသားပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာဟာ မနေ့ညက ရေးသားခဲ့တာဖြစ်တဲ့အတွက် မနက်ဖြန် မတ်လ ၇ ရက် ညနေအထိပဲ အသုံးခံတော့မယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ ဆီဆိုင်များအနေနဲ့ မမိတို့လက်ထဲမှာ ဒီဇယ်ဆီလှောင်ထားတာ ရှိနေရင် ထုတ်ရောင်းပေးဖို့ O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက မေတ္တာရပ်ခံထားပါတယ်။

“စီးပွါးရေးလည်း စီးပွါးရေးမှန်ပေမယ့် လူ့အသက်နဲ့ ဆိုင်နေတဲ့အတွက် ဒီဇယ်တွေ ရှိနေရင် ထုတ်ရောင်းပေးဖို့ O-1 ဆေးရုံဘက်က တောင်းဆိုပါရစေရှင်”လို့ ဆေးရုံတာဝန်ခံက အသိပေးပါတယ်။

ဆေးရုံတာဝန်ခံကို ဆက်သွယ်မေး​​မြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

O-1 ဆေးရုံဟာ ၂၀၂၁ မေလအစကတည်းကဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ မြေပြင်က သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဒေသခံ ကျန်းမာရေး CDM ဝန်ထမ်း‌တွေရဲ့အကူအညီနဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆို(အနောက်ခြမ်း) တစ်နေရာမှာ ဆေးပေးခန်းအနေနဲ့ O-1 Medical Team ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဆေးပေးခန်းအဆင့်မှသည် ပြည်သူတွေ ၊ရဲဘော်တွေအတွက် အဓိကခွဲစိတ်ကုသမှု ‌( major surgery cases)တွေ အပြင် Medical case တွေ , Child case and OG case တွေပါ ကုသမှုပေးနေနိုင်တဲ့ ဆေးရုံအဖြစ် ဆက်လက်ကြိုးစားရပ်တည်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အစပ်က စစ်တပ်ကာကင်းစခန်းကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကလူထုနွေဦးကို ပြောပါတယ်။