Connect with us

Hi, what are you looking for?

သတင်း

မြန်မာ၊ လာအိုကလွဲလို့ တခြားနိုင်ငံတွေဆီ လောင်စာတင်ပို့မှုကို ထိုင်းပိတ်ပင်

အိမ်နီးချင်းလာအိုနဲ့ မြန်မာတို့ကလွဲလို့ လောင်စာဆီ ပြည်ပတင်ပို့ခွင့် အားလုံးကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ပါတယ်။

ထိုင်း-လာအိုနယ်စပ်မှာ ထိုင်းဆီသယ်ယာဥ်​တွေကို၂၀၂၅ ဒီဇင်ဘာလမှာ​တွေ့ရစဥ်။ဓါတ်ပုံ-ရိုက်တာ

မတ်-၇၊၂၀၂၆။People’s Spring

အိမ်နီးချင်းလာအိုနဲ့ မြန်မာတို့ကလွဲလို့ လောင်စာဆီ ပြည်ပတင်ပို့ခွင့် အားလုံးကို ထိုင်းအစိုးရက ပိတ်ပင်လိုက်ပါတယ်။

အီရန်စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံတကာ ရေနံနဲ့ လောင်စာ တင်ပို့မှု လမ်းကြောင်းတွေမှာ အကြီးအကျယ် ရှုပ်ထွေးမှုတွဖြစ်ပေါ်နေတဲ့နောက် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက မတ်လ ၆ ရက်နေ့မှာ အခု အမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ လာအိုတို့ကလွဲရင် တခြားနိုင်ငံတွေဆီ လောင်စာဆီ အမျိုးမျိုးနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုတွေအားလုံးကို ယာယီဆိုင်းငံ့ထားစေမယ်လို့ ဝန်ကြီးချုပ်ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၆ မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၁ ရက်နေ့ ကတည်းက ထိုင်းဟာ လောင်စာဆီ တင်ပို့မှုတွေ အားလုံးကို ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်လိုပိတ်ပင်အမိန့်မှမထုတ်ပြန်ရသေးကြောင်း အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့မှာတော့ဝန်ကြီးချုပ်ဆီကအမိန့်က တရားဝင် ထွက်ပေါ်လာတာပါ။

ထိုင်းက ပြည်ပတင်ပို့ခွင့် တားမြစ်ထားတဲ့ လောင်စာဆီတွေထဲမှာ ဓာတ်ဆီ၊ လောင်စာဆီ၊ A1 အဆင့် လေယာဉ်ဆီနဲ့ ဓာတ်ငွေ့တွေ ပါဝင်ပါတယ်။ နောက်ထပ် ကြေညာချက်တစ်ခု ထွက်ပေါ်လာမချင်း အဲဒီ တားမြစ်မိန့်က အသက်ဝင်နေမယ်လို့လည်း ထိုင်းအစိုးရက ဆိုပါတယ်။

ဒီလိုဆုံးဖြတ်လိုက်တာဟာလက်ရှိကမ္ဘာ့အရေးအခင်းတွေကြောင့်ပြည်တွင်းမှာလောင်စာပြတ်လပ်သွားမှာကို တားဆီးဖို့ ရည်ရွယ်ဆောင်ရွယ်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ပွဲကြောင့် အီရန်ကဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်ခြင်းကထိုင်းနိုင်ငံရဲ့လောင်စာထောက်ပံ့နိုင်စွမ်းကို အနှောင့်အယှက်တွေ၊မရေရာမှုတွေဖြစ်လာစေနိုင်တယ်လို့လည်းထိုင်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ဟောမုဇ်ဟာ အရှေ့အလယ်ပိုင်း နိုင်ငံတွေရဲ့ ရေနံတွေကို ကမ္ဘာ့အရှေ့ခြမ်းဆီ ရေလမ်းကနေ ပို့ဆောင်ရာမှာ အဓိကအကျဆုံးရေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

Facebook