Connect with us

Hi, what are you looking for?

သတင်း

တပ်မဟာ(၄)တစ်ခုလုံးက စစ်ကောင်စီတိုက်ခိုက်နေချိန် KTLAရဲ့ နောက်ကျောက ခြုံခို တိုက်ခိုက်မှုကြုံနေရဟု KNLAပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ရှိ တပ်ရင်းအားလုံးက စစ်ကောင်စီကို တိုက်ခိုက်နေချိန် ဗိုလ်ကော်လားဖိုးဦးဆောင်တဲ့ KTLAတပ်က တပ်မဟာ(၄) ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာဟာ စစ်ကောင်စီ လုပ်ရပ်ပုံစံအတိုင်းဖြစ်နေကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

(KTLA အဖွဲ့က ရက်စက်စ္စာသတ်ဖြတ်သော ရဲဘော် တစ်ဦးနဲ့ မြို့နယ်လူငယ် တစ်ဦး။ဓာတ်ပုံ - KNU-MTD)

မတ်-၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ရှိ တပ်ရင်းအားလုံးက စစ်ကောင်စီကို တိုက်ခိုက်နေချိန် ဗိုလ်ကော်လားဖိုးဦးဆောင်တဲ့ KTLAတပ်က တပ်မဟာ(၄) ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာဟာ စစ်ကောင်စီ လုပ်ရပ်ပုံစံအတိုင်းဖြစ်နေကြောင်း KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

KNLAပူးပေါင်းတပ်က သရက်ချောင်းမြို့နယ် အတွင်း ဝင်း၀ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ဖို့ ဖေဖော်ဝါရီကတည်းက တိုက်ခိုက်လျက်ရှိရာ သရက်ချောင်းနယ်မြေ ဒေသအချို့မှာ KNLA ရဲဘော်တွေကို ဗိုလ်ကော်လားဖိုးအဖွဲ့က တိုက်ခိုက်တာ၊ KNLA ရဲဘော်အချို့နဲ့ ဒေသခံ အချို့ ဗိုလ်ကော်လားဖိုးရဲ့ KTLAတပ်ဖွဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြတာပါ။

အခု လက်ရှိ တပ်မဟာ(၄)နယ်မြေဒေသ အားလုံး တပ်မဟာ(၄)ရဲ့ လက်အောက်ခံ တပ်ရင်း ၅ခုစလုံးက စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။ KNLA တပ်မဟာ(၄) လက်အောက်မှာ အမှတ် (၁၀)၊ (၁၂)၊(၇)၊(၁၁)၊(၂၀၃) စတဲ့ တပ်ရင်း ၅ရင်းရှိပါတယ်။

Public Service Announcement

Public Service Announcement

” စစ်အာဏာရှင်ကို တိုက်ပွဲတွေ ဖြစ်နေတုန်း နောက်ကျောကနေ KTLAက အဲဒီလိုမျိုးလုပ်တော့ စကစရဲ့ လုပ်ငန်း လုပ်တာလား။ KTLAရဲ့ လုပ်ရပ်က ပုံစံနည်းတူပေါ့။ ဘာဖြစ်လို့လဲဆို ကျနော်တို့က စကစကကို တိုက်တယ်လေ။ တကယ်တော့ စကစကို တိုက်တဲ့အချိန်မှာ သူက ကျနော်တို့နဲ့ ပူးပေါင်းရမယ်။ အခုက မပူးပေါင်းဘဲနဲ့ သူ့လုပ်ရပ်က ကျနော်တို့ကို ချုံခိုတိုက်တယ်။ ကျနော်တို့ရဲဘော်တွေကို ဝင်ရောက်သတ်ဖြတ်တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ လုပ်ရပ်က စကစ လုပ်ရပ်နဲ့အတူတူပါပဲ။” လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကော်လားဖိုးရဲ့ KTLAဟာ မတ်လ ၇ရက် မနက်မှာမြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြိုနယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ KNLA ရဲဘော် ၁ဦးနဲ့ မြိုနယ် လုပ်သား ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု KNUက အသိပေးထားပါတယ်။ ဒါ့အပြင် မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို KTLAက တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

မတ်လ ၁၀ရက်မှာလည်း ကစယ်ဒိုမြို့နယ် ဖိုးလမိုင်း ဒေသမှာ KTLA တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

KNLAကို တိုက်ခိုက်နေတဲ့ ဗိုလ်ကော်လားဖိုးဟာ အရင်က စစ်ကောင်စီထံ ၂ကြိမ် အလင်းဝင်ခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေါ်လာကာ KNLA တပ်မဟာ(၄)နဲ့ ပြဿနာ အကြိမ်ကြိမ်ဖြစ်ပွားနေတာပါ။

KTLA ဗိုလ်ကော်လားဖိုး အဖွဲရဲ့ တိုက်ခိုက်မှုကြောင့် အရင်ကလည်း KNLA တပ်မဟာ(၄) ဘက်က အရာရှိ အပါအဝင် ကျဆုံးထိခိုက်မှု အချိုရှိခဲ့ဖူးပါတယ်။

KTLAက KNLAကို ခြုံတိုက်ခိုက်တာတွေ လုပ်ဆောင်နေသလို စစ်ကောင်စီတပ်ဟာလည်း KNLA တပ်မဟာ(၄) ထိန်းချုပ်နယ်မြေတွေကကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ကလေးငယ်အပါအဝင် အရပ်သား သေဆုံးထိခိုက်မှုတွေ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ အာဏာသိမ်းစစ်တပ်က အဓမ္မ စစ်သားစုဆောင်းထားတဲ့ တပ်သား တစ်ဦး လက်နက်ချအလင်းဝင် လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မှ ရဲဘော် ၄၅၀ ကျော်ပါဝင်တဲ့ စစ်သင်တန်းဆင်းပွဲ ယမန်နေ့ မတ်လ ၂၁ရက်က ကျင်းပခဲ့ပြီး ရဲဘော်အားလုံးကို လက်နက်တပ်ဆင်မှု ပြုလုပ်ခဲ့ကြောင်း KNLA တပ်မှူး တဦးက ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ မောတောင်မြို့သိမ်း တိုက်ပွဲကနေ မိခင်တပ်ရင်းကို ပြန်လာတဲ့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်တွေကို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ခြင်းလားဟု ဗိုလ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ကို မေးမြန်းတဲ့ ကြေညာချက် ဗထူးတပ်ဖွဲ့က မတ်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)နဲ့မဟာမိတ်တွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဗိုလ်အယ်ခွီး(ခေါ်) ကောလာဖိုးအဖွဲ့ဟာ စစ် ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။