Connect with us

Hi, what are you looking for?

သတင်း

ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲ စစ်တပ် ၅၀ကျော် သေဆုံး၊ ထွက်ပြေး စစ်သားတွေကို KNLA ပူးပေါင်းတပ် လိုက်လံရှင်းလင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

(ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - KNU-MTD)

မတ်-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အခြေစိုက် ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဝင်း၀တပ်စခန်းဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒို(သရက်ချောင်းဒေသ)မြို့နယ်အတွင်း အမှတ်(၈) လမ်းမမင်းဒပ်ကျေးရွာမှာ တည်ရှိတာပါ။

ဝင်း၀ တပ်စခန်းသိမ်းတိုက်ပွဲကို KNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဖေဖော်ဝါရီ ပထမပတ်မှာ စတင်ခဲ့တာဖြစ်ပြိး တိုက်ပွဲ တလကျော်အကြာ မတ်လ ၁၁ရက်ညနေပိုင်းမှာ အပြီး သတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” အခုက ထွက်ပြေးနေတဲ့ စကစတွေကို လိုက်ပြီး ရှင်းလင်းနေတယ်။ ပြေးသွားတာ အယောက် ၆၀ ကျော်၊ ဖမ်းမိတာမရှိဘူး အကုန်လုံးပဲ သေဆုံး။ သေဆုံးတာ အယောက် ၅၀ ကျော်တယ်”လို့ တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဝင်း၀စခန်း သိမ်းပိုက်နိုင်မှုကို KNU မြိတ်ထားဝယ်ခရိုင်က မတ်လ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံဖော်ပြချက်အရ စစ်ကောင်စီထံမှ လက်နက်မျိုးစုံ အလက် ၄၀ ကျော် ၅၀လက်နီးပါး သိမ်းရခဲ့တာ တွေ့ရပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ဝင်း၀ စခန်းမကျဖို့ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်ဆောင်ခဲ့သလို မြေပြင်ကလည်း စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲကို ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄)အထူးကွန်မိုတော်တပ်ဖွဲ၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နဲ့ တော်လှန်းရေးပူးပေါင်းတပ်ဖွဲများ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

ဝင်း၀တပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များပြားသလို KNLAတပ်မဟာ(၄) ပူးပေါင်းတပ်ဘက်ကလည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။