Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှတာဝန်ရှိသူက ပြောသည်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ပေးပို့

မေ ၁၊၂၀၂၅။သတိုး/People’s Spring

တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှတာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ပစ်ပြီးပြီးချင်းမှာ စကစဘက်က လက်နက်ကြီးတွေနဲ့ရော စက်သေနတ်တွေနဲ့ပါ ဆက်တိုက်ပြန်ပစ်ပါတယ်။ ပစ်ပြီးတဲ့ ည ၉ နာရီ ၄၀ မိနစ်ကတည်းက ၁၁နာရီလောက်အထိကဆက်တိုက်ပစ်တာ။အဲ့နောက်ပိုင်းတော့ လက်နက်ကြီးနဲ့ ကြိုကြားကြိုကြားဆက်ပစ်နေသေးတယ် ဆက်တိုက်ပဲ”ဟု ၎င်းက ပြောသည်။

တောင်ငူလေတပ်စခန်းကို ဧပြီ ၃၀ရက် ည ၉နာရီ ခွဲခန့်တွင် Brave Warriors for Myanmar (BWM)အဖွဲ့၏ ဦးဆောင်ဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တောင်ငူလေတပ်စခန်းသည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းတောင်နှင့် ပဲခူးအစရှိသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများနှင့် ပြည်သူတို့ကို လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေသည့် အဓိက လေတပ်စခန်းဌာနချုပ် တစ်ခုဖြစ်သည်။

ထို့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော နေပြည်တော် အေလာလေတပ်စခန်းကို ပြန်လည် ပြင်ဆင်နေချိန် တိုက်လေယာဥ်အချို့ကိုလည်း လက်ခံထားပေးပြီး တောင်ငူလေတပ်ကို ပိုမို အသုံးပြုတိုက်ခိုက်နေသောကြောင့် BWM နှင့် မဟာမိတ် အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“စစ်ရှုံးကောင်စီ၏လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝန်းတွင် အရပ်သား ပြည်သူများ အသက်ဆုံးရှုံးနေရသဖြင့် BWM အဖွဲ့သည်လည်း များစွာစိတ်မကောင်းဖြစ်ရ၍ စစ်ရှုံးကောင်စီ၏ လေတပ်စခန်းများကို ကြိုးစား၍ ပြည်သူ့ကိုယ်စား BWM ၏ မစ်ရှင် 36 အဖြစ်မဟာမိတ်တို့ နှင့်အတူ တိုက်ခိုက်ခြင်းဖြစ်ပါသည်”ဟု BWM ဟု ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးတွင်ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုန်းများအားလုံးသည် လေတပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကို စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

BWM နှင့် မဟာမိတ်အဖွဲ့များသည် ဧပြီ ၃၀ရက်နံနက်ကလည်း စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ အရာရှိ ၄၀၀ကျော် သင်တန်းတတ်ရောက်နေသည်ဟု သတင်းရရှိသောကြောင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်)ကို ၁၀၇ မမရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)အဖွဲ့ တာဝန်ရှိသူက ပြောသည်။