Connect with us

Hi, what are you looking for?

သတင်း

‎အင်အားအနည်းငယ်သာချထားတဲ့ KNLA တပ်မဟာ(၄)ရဲ့ ဂိတ်စခန်းကို KTLAအဖွဲ့ တိုက်ခိုက်ဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ရဲ့လုံခြုံရေးဂိတ်စခန်းတခုကို ဗိုလ်စောအယ်ခွီး (ခ)ကောလားဖိုး ဦးဆောင်သော KTLAအဖွဲ့က ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(KTLAအဖွဲ့ ဖျက်ဆီးသွားတဲ့ ဘောတီနယ်စပ် စခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD)

‎မတ်-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ရဲ့လုံခြုံရေးဂိတ်စခန်းတခုကို ဗိုလ်စောအယ်ခွီး (ခ)ကောလားဖိုး ဦးဆောင်သော KTLAအဖွဲ့က ဝင်ရောက်ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသရှိ ဘောတီ နယ်စပ်စခန်းကို KTLAအဖွဲ့က မတ်လ ၁၃ရက် မနက် ၆နာရီမှာ လာရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ကျနော်တို့ရဲ့ဘော် ၆ယောက် ၇ယောက်ရှိတယ်။ သူတို့က မနက်ပိုင်း ၆နာရီမှာ အလစ်ဝင်ပြီး ခြုံခိုပြီး တိုက်ခိုက်တဲ့သဘော။ ကျနော်တို့ ရဲဘော်တွေက စစ်ကူတောင်းချိန် ပြန်ဆုတ်တဲ့အချိန် သူတို့ ဝင်ရောက်မီးရှို့ သွားတယ်။ အခုလက်ရှိ အဲဒီနေရာကို ပြန်လည်ပြီးတော့ နယ်မြေရှင်းလင်းပြီးသွားပြီ။ ကျနော်တို့ ထိခိုက်မှုမရှိဘူး ဒါပေမဲ့ ကျနော်တို့ ဂိတ်စခန်းကိုတော့ သူတို့ မီးရှို့သွားတယ်။ မီးရှို့သွားပြီး သူတို့ ထွက်ပြေးသွားတာပေါ့”လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘောတိနယ်စပ်စခန်းမှာ အရင်က စစ်ကောင်စီ တပ်စွဲထားတာဖြစ်ပြီး KNLA ပူးပေါင်းတပ်က ၂၀၂၅ နှစ်လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

အဲဒီလို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ထိုင်းနဲ့ နယ်စပ်လမ်းကို KNLAက ဂိတ်ချထားပြီး အဝင်အထွက် လုံခြုံရေး စစ်ဆေးမှု ပြုလုပ်နေတာဖြစ်ပါတယ်။

KTLA ဗိုလ်ကော်လားဖိုးအဖွဲ့ဟာ အခုလအတွင်းမှာ KNLA တပ်မဟာ(၄)ကို တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ သရက်ချောင်းမြို့နယ်က ဝင်း၀ စခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်နေချိန် မှာလည်း ဗိုလ်ကော်လားဖိုး အဖွဲ့ KNLA တပ်ဖွဲ့အချို့ကို ခြုံခိုတိုက်ခိုက်တာ လုပ်ဆောင်ခဲ့လို့ KNLA ရဲဘော်အချို့ ထိခိုက်မှု ရှိခဲ့ပါသေးတယ်။ ဝင်း၀ စခန်းကိုတော့ KNLA ပူးပေါင်းတပ်က မတ်လ ၁၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

” စစ်အာဏာရှင်ကို တိုက်ပွဲတွေ ဖြစ်နေတုန်း နောက်ကျောကနေ KTLAက အဲဒီလိုမျိုးလုပ်တော့ စကစရဲ့ လုပ်ငန်း လုပ်တာလား။ KTLAရဲ့ လုပ်ရပ်က ပုံစံနည်းတူပေါ့။ ဘာဖြစ်လိုလဲဆို ကျနော်တိုက စကစကကို တိုက်တယ်လေ။ တကယ်တော့ စကစကို တိုက်တဲ့အချိန်မှာ သူက ကျနော်တိုနဲ့ ပူးပေါင်းရမယ်။ အခုက မပူးပေါင်းဘဲနဲ့ သူ့လုပ်ရပ်က ကျနော်တိုကို ချုံခိုတိုက်တယ်။ ကျနော်တိုရဲဘော်တွေကို ဝင်ရောက်သတ်ဖြတ်တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ လုပ်ရပ်က စကစ လုပ်ရပ်နဲ့အတူတူပါပဲ။” လို KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်ကော်လားဖိုးရဲ့ KTLAဟာ မတ်လ ၇ရက် မနက်က မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြိုနယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ KNLA ရဲဘော် ၁ဦးနဲ့ မြိုနယ် လုပ်သား ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု KNUက အသိပေးထားပါတယ်။ ဒါ့အပြင် မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို KTLAက တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။မတ်လ ၁၀ရက်မှာလည်း ကစယ်ဒိုမြိုနယ် ဖိုးလမိုင်း ဒေသမှာ KTLA တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

KNLAကို တိုက်ခိုက်နေတဲ့ ဗိုလ်ကော်လားဖိုးဟာ အရင်က စစ်ကောင်စီထံ ၂ကြိမ် အလင်းဝင်ခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေါ် လာကာ KNLA တပ်မဟာ(၄)နဲ့ ပြဿနာ အကြိမ်ကြိမ်ဖြစ်ပွားနေတာပါ။ KTLA ဗိုလ်ကော်လားဖိုး အဖွဲရဲ့ တိုက်ခိုက်မှုကြောင့် အရင်ကလည်း KNLAတပ်မဟာ(၄)ဘက်က အရာရှိ အပါအဝင်ကျဆုံးထိခိုက်မှု အချို့ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။