မတ်-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်း သိမ်းတိုက်ပွဲမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဝင်း၀တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်က မတ်လ ၁၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
T5 Wings ရဲ့ထုတ်ပြန်တဲ့ရုပ်သံမှာ စစ်ကောင်စီ တပ်စခန်းအတွင်း ဒရုန်းကျရောက်ပေါက်ကွဲမှု၊ တပ်စခန်းတွင်း အဆောက်အဦးထိခိုက်ပျက်စီးမှု အချို့ကို တွေ့ရပါတယ်။ တိုက်ခိုက်မှုကို KNLA ဒရုန်းတပ်ဖွဲ့ T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီနောင်စစ်ကြောင်း PBdFဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ် တပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
ဝင်းဝတပ်စခန်းဟာ အင်အား ၁၀၀ ကျော်ရှိတဲ့ စခန်းဖြစ်ပြီး ဖေဖော်ဝါရီ ပထမပတ်မှာ စခန်းသိမ်း စစ်ဆင်ရေး စတင်ခဲ့တာပါ။ စစ်ကောင်စီက ဝင်း၀ တပ်စခန်းမကျဖို့ လေကြောင်း ပစ်ကူပေး ခုခံခဲ့ပေမယ့် တလကျော်အကြာမှာ အသိမ်းခံခဲ့ရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်က ၅၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ အလက် ၄၀ ကျော်သိမ်းရခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပြပါတယ်။ ဒါ့အပြင် စခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ကျော်ရှိပြီး လိုက်လံရှင်းလင်းနေတယ်လို့ ပြောပါတယ်။
KNLA ပူးပေါင်းတပ်ဟာ ဒီကနေ့ မတ်လ ၁၄ ရက်မနက်မှာလည်း ပုလောမြို့နယ် တောင်ယာကမ်းရွာက စစ်ကောင်စီ စခန်းတခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသေးတယ်။
ရုပ်သံ – T5 Wings



















































