Connect with us

Hi, what are you looking for?

သတင်း

မောတောင်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုးရဲ့ KTLA တိုက်ခိုက်လို့ ရဲဘော် ၄ဦး ကျဆုံး

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

(KTLAတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ - KNU-MTD)

မတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့သိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၄ဦး ကျဆုံးကာ ၁ဦးပျောက်ဆုံး၊ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

စစ်အုပ်စုထံ နှစ်ကြိမ်အလင်းဝင်ခဲ့ဖူးတဲ့ ဗိုလ်ကော်လားဖိုးရဲ့ အဖွဲ့ဟာ KNLA ပူးပေါင်းတပ်ရဲ့ ဝင်း၀ တပ်စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲနေစဉ်ကာလကလည်း KNLA ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်ခဲ့သလို ၂၀၂၅ နိုဝင်ဘာလ မောတောင်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ပြီး ရှေ့တန်းမှာ လေးလကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗထူးတပ်ဖွဲ့က ရဲဘော်တွေ နောက်တန်းပြန်လာချိန် မတ်လ ၁၄ရက် ညနေပိုင်းမှာ ထပ်မံ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

ဗထူးတပ်ဖွဲက ရဲဘော်တွေကို KTLA အဖွဲတွေက မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြိုနယ်(သရက်ချောင်းဒေသ) သမီးပေါ်သော(ဟင်းကပိ)ကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ စီးလားတဲ့ ကားလည်း ပျက်စီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“မောတောင်စစ်ဆင်ရေးရှေ့တန်းကနေပြန်လာတယ်အဲဒီရဲဘော်တွေက။ အဲဒီ ဗထူးတပ်ဖွဲ့တွေက မောတောင်တိုက်ပွဲကတည်းက အခုပဲ သူတို့ နောက်တန်းပြန်လာတာ။ မောတောင်စစ်ဆင်ရေးမှာ တောက်လျှောက်သူတို့ ပူးပေါင်းပါဝင်ခဲ့တယ်။ မောတောင်ကနေ ဒီဘက် တပ်ရင်း ၁၂နယ်မြေ ပြန်လာတာ” လို့ KNLA တပ်မဟာ(၄)သတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်သော KTLA တပ်ဖွဲဝင်တွေရဲ့ လုပ်ရပ်ဟာ တနေ့တခြား ပိုမိုဆိုးရွာလာပြီး အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံတပ်ဖွဲတစ်ခုအလား တော်လှန်ရေးတပ်ဖွဲများကို ပြန်လည်တိုက်ခိုက်လျက်ရှိတယ်လို့ KNUက ထုတ်ပြန်ပါတယ်။

KTLA တပ်ဖွဲဟာ မတ်လ ၁၃ရက် မနက်ကလည်း KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီ နယ်စပ် ဂိတ်စခန်းကို တိုက်ခိုက်ကာ မီးရှိဖျက်ဆီးခဲ့ပါတယ်။ အင်အားအနည်းငယ်သာ ချထားတဲ့ KNLA စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးထွက်ပြေးသွားတာလို သတင်းရင်းမြစ်က ပြောပြပါတယ်။

KTLA ဗိုလ်ကော်လားဖိုး အဖွဲဟာ အခု လအတွင်းမှာ KNLA တပ်မဟာ(၄)ကို တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

“စစ်အာဏာရှင်ကို တိုက်ပွဲတွေ ဖြစ်နေတုန်း နောက်ကျောကနေ KTLAက အဲဒီလိုမျိုးလုပ်တော့ စကစရဲ့ လုပ်ငန်း လုပ်တာလား။ KTLAရဲ့ လုပ်ရပ်က ပုံစံနည်းတူပေါ့။ ဘာဖြစ်လိုလဲဆို ကျနော်တိုက စကစကကို တိုက်တယ်လေ။ တကယ်တော့ စကစကို တိုက်တဲ့အချိန်မှာ သူက ကျနော်တိုနဲ့ ပူးပေါင်းရမယ်။ အခုက မပူးပေါင်းဘဲနဲ့ သူ့လုပ်ရပ်က ကျနော်တိုကို ချုံခိုတိုက်တယ်။ ကျနော်တိုရဲဘော်တွေကို ဝင်ရောက်သတ်ဖြတ်တယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို သတ်ဖြတ်တယ်ဆိုတဲ့ လုပ်ရပ်က စကစ လုပ်ရပ်နဲ့အတူတူပါပဲ။” လို KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပြထားပါတယ်။

ဗိုလ်ကော်လားဖိုးရဲ့ KTLAဟာ မတ်လ ၇ရက် မနက်က မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြိုနယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ KNLA ရဲဘော် ၁ဦးနဲ့ မြိုနယ် လုပ်သား ၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု KNUက အသိပေးထားပါတယ်။ ဒါ့အပြင် မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို KTLAက တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ မတ်လ ၁၀ရက်မှာလည်း ကစယ်ဒိုမြိုနယ် ဖိုးလမိုင်း ဒေသမှာ KTLA တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

(ပြင်ဆင်ချက်။ အစောပိုင်းက ‘ဝင်းဝစခန်းသိမ်းတိုက်ပွဲပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဗိုလ်ကော်လားဖိုးရဲ့ KTLA တိုက်ခိုက်လို့ ရဲဘော် ၄ဦး ကျဆုံး’လို့ မှားယွင်းဖော်ပြမိသဖြင့် စာဖတ်သူကို တောင်းပန်အပ်ပါတယ်)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Facebook