Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ကော်လာဖိုးနဲ့အဖွဲ့ကို စစ်ကောင်စီမိတ်ဖက် အဖွဲ့ဟုသတ်မှတ်ကြောင်း KNUတပ်မဟာ(၄) ကြေညာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)နဲ့မဟာမိတ်တွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဗိုလ်အယ်ခွီး(ခေါ်) ကောလာဖိုးအဖွဲ့ဟာ စစ် ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

(KTLA အဖွဲ့လက်ချက်ကြောင့် ကျဆုံးခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ - KNU-MTD)

မတ်-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄)နဲ့မဟာမိတ်တွေကို ခြုံခိုတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ဗိုလ်အယ်ခွီး(ခေါ်) ကောလာဖိုးအဖွဲ့ဟာ စစ် ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

KTLAအမည်ခံထားပြီးဗိုလ်ကော်လာဖိုး အဖွဲ့ဟာ စစ်အာဏာရှင်ကို တိုက်ခိုက်ရမယ့်အစား KNU တပ်မဟာ(၄) အပါအဝင် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးလုပ်ငန်းတွေကို အမြဲ နှောက်ယှက်တာ ၊ တပ်မဟာ(၄)နဲ့ အခြားတော်လှန်ရေး အဖွဲ့တွေက ဘုံရန်သူစစ်ကောင်စီကို ပြင်းထန်စွာ တိုက်ခိုက်နေရာတာကို အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုအစီအစဉ် ကျကျ တိုက်ခိုက်တဲ့ အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ပြီး ဗိုလ်ကော်လာဖိုး အဖွဲ့ကို စစ်အုပ်စုရဲ့ မိတ်ဖက်အဖွဲ့လို့ သတ်မှတ်ကြေညာခဲ့တာပါ။

ဗိုလ်ကော်လာဖိုးနဲ့ အပေါင်းအပါတွေဟာ လူထု ဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်တာ၊ စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာအောက်မှာ ပါဝင်ပတ်သက်တာ တွေကြောင့် စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ကော်လားဖိုးဟာ နာမည်ပျက်တွေနဲ့ ကျော်ကြားခဲ့သူဖြစ်ပြိး စစ်အစိုးရလက်ထက်ကတည်းက စစ်အာဏာရှင်နဲ့ပြန်လည်ပူးပေါင်းသွားကာတော်လှန်ရေးကို သစ္စာဖောက်ခဲ့သူ ဖြစ်ကြောင်း တပ်မဟာ(၄)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ ကြွေး ကြော်သံနဲ့ ရိုးသားသော ဒေသခံ ကရင်ပြည်သူတွေ၊ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ PDF တွေကို သိမ်းသွင်းစည်းရုံးခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို တိုက်ခိုက်မယ်လို့ကြွေးကြော်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ခိုက်ခြင်းမပြုသလို တော်လှန်ရေးအင်အားစုတွေကိုသာ ခြုံခိုတိုက်ခိုက်သတ်ဖြတ်နေတာဟာ စစ်ကောင်စီရဲ့ စစ်ရေးနည်းဗျူဟာကို အကောင်အထည်ဖော်လုပ်ဆောင်နေခြင်းရဲ့ သက်သေဖြစ်တယ်လို့ တပ်မဟာ(၄)က ပြောပါတယ်။

ပိုဆိုးတာက အပြစ်မဲ့ပြည်သူများအား တပ်မဟာ(၄)နဲ့ ဆက်စပ်တယ်လို့ ယိုးစွပ် ပြီး ရက်ရက်စက်စက် သတ်ဖြတ်တာ ၊ လူနေအိမ်များအား မီးရှို့တာ စတဲ့ လူ့အခွင့်အရေးကို ပြောင် ပြောင် တင်းတင်း ချိုးဖောက်တာအပြင် နိုင်ငံရေး ၊ စစ်ရေးနဲ့ မပတ်သက်သော စီး ပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးမြောက်များစွာကိုလည်း တောင်းခံခြင်း၊ လုယက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂ဝ၂၄ကနေ ၂ဝ၂၆ ခုနှစ် ကာလအတွင်း တော်လှန်ရေးရဲ့ စစ်ရေးအရှိန်မြင့်လာတဲ့ အချိန်မှာ ဗိုလ်ကော်လာဖိုး အဖွဲ့ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ နောက်တန်းစခန်းသာမက စစ်ကူနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးပို့ဆောင်တဲ့ ယာဉ်တွေကိုလည်း မကြာခဏဆိုသလို ချုံခို တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၄)က ထုတ်ပြန်ပါတယ်။

အခု မတ်လထဲမှာ KTLA ဗိုလ်ကော်လာဖိုး တပ်ဖွဲ့ ခြုံခိုတိုက်ခိုက်လို့တော်လှန်ရေးရဲဘော်တွေ ကျဆုံးထိခိုက်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

မတ်လ ၁၄ရက်မှာ တနင်္သာရီမြိုနယ် မောတောင်မြိုသိမ်း စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲရဲ့ ရဲဘော်တွေကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲက ခြုံခိုတိုက်ခိုက်ခဲ့လို ရဲဘော် ၆ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။

KTLA တပ်ဖွဲဟာ မတ်လ ၁၃ရက် မနက်ကလည်း KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသရှိ KNLA ရဲ့ ဘောတီ နယ်စပ် ဂိတ်စခန်းကို တိုက်ခိုက်ကာ မီးရှိဖျက်ဆီးခဲ့ပါတယ်။ အင်အားအနည်းငယ်သာ ချထားတဲ့ KNLA စခန်းကို ဝင်ရောက် တိုက်ခိုက်ပြီးထွက်ပြေးသွားတာလို သတင်းရင်းမြစ်က ပြောပြပါတယ်။

မတ်လ ၇ရက် မနက်က မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း( မြိုနယ်၊ ပေါခလိုးဒေသ(ဘန်းချောင်းကျေးရွာအုပ်စု)မှာ နယ်မြေလုံခြုံရေးအတွက် လိုအပ်တဲ့ ဆက်သွယ်ရေး အလုပ်လုပ်နေတဲ့ KNLA ရဲဘော် ၁ဦးနဲ့ မြိုနယ် လုပ်သား ၁ဦးကိုဗိုလ်ကော်လားဖိုးရဲ့ အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ဟု KNUက အသိပေးထားပါတယ်။ ဒါ့အပြင် မတ်လ ၄ရက် ညနေပိုင်းကလည်း KNU မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြိုနယ် သမီးပေါ်သောကျေးရွာနဲ့ ကနဲဃော‌(ပျားသားချောင်း)ကျေးရွာကြားမှာ KNLA ရဲဘော်တွေကို KTLAက တိုက်ခိုက်ခဲ့ရာ KNLA တပ်ရင်း(၁၂)က ရဲဘော် ၅ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ပါတယ်။မတ်လ ၁၀ရက်မှာလည်း ကစယ်ဒိုမြိုနယ် ဖိုးလမိုင်းဒေသမှာ KTLA တပ်ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒေသခံ တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဖားအံခရိုင်အတွင်း ဖားအံခရိုင် အကျဉ်းထောင်က အကျဉ်းသူ၊ အကျဉ်းသား ၃၈ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ပုလော (လယ်မူလား)မြို့နယ်မှာ အာဏာသိမ်းစစ်တပ် လက်နက်ကြီးကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။