Connect with us

Hi, what are you looking for?

သတင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ယူကရိန်းနဲ့အ​မေရီကန်နိုင်ငံသား ၇ ဦးကို အိန္ဒိယဖမ်းဆီး

မြန်မာပိုင်နက်ထဲကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားသား ၇ ဦးကို အကြမ်းဖက်မှုအတွက် ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယက ဖမ်းဆီးခဲ့ပါတယ်။

ဓါတ်ပုံ-NIA

မတ်-၁၇၊၂၀၂၆။People’s Spring

မြန်မာပိုင်နက်ထဲကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံခြားသား ၇ ဦးကို အကြမ်းဖက်မှုအတွက် ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အိန္ဒိယက ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယ အမျိုးသား စုံစမ်းရေး အေဂျင်စီ (NIA)က ဖမ်းဆီးခဲ့သူ နိုင်ငံခြားသား ၇ ဦးဟာ အမေရိကန် နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ ဖြစ်တယ်လို့ ပြောပါတယ်။သူတို့ဟာအိန္ဒိယနိုင်ငံပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ ကြံစည်ထားကြောင်း စွပ်စွဲခံရသလို ၁၉၆၇ ခုနှစ်၊ တရားမဝင် လှုပ်ရှားမှုများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အပါအဝင် စွဲချက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

NIAဟာ အဲဒီ နိုင်ငံခြားသား ၇ ဦးကို မတ်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးတဲ့ ဖြစ်စဉ်ဟာ အိန္ဒိယရဲ့ မီဇိုရမ်ပြည်နယ်ကနေ မြန်မာဖက်ခြမ်း ချင်းပြည်နယ်ထဲ ဝင်ရောက်ခဲ့တဲ့ ကိစ္စနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ မီဇိုရမ်ကနေ နိုင်ငံခြားသားတွေ မြန်မာဖက်ခြမ်း ဝင်ရောက်ခွင့်ကို အိန္ဒိယ အစိုးရက ကန့်သတ်ထားပြီး အထူးခွင့်ပြုချက်မျိုး လိုအပ်ပါတယ်။

Public Service Announcement

Public Service Announcement

အိန္ဒိယသတင်းဌာနတွေရဲ့ အဆိုအရနိုင်ငံခြားသား ၇ ဦးတို့ဟာ မီဇိုရမ်ကို အရင်ဆုံး ဝင်ရောက်ခဲ့ပြီး အဲဒီကနေ မြန်မာဖက်ခြမ်းကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်သူတို့ဟာအိန္ဒိယအစိုးရကို ဆန့်ကျင် ရပ်တည်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့ကြောင်း ဖြစ်စဉ်နဲ့ နီးစပ်သူတွေက ပြောတယ်လို့စွပ်စွဲ​ဖော်ပြထားပါတယ်။

နိုင်ငံခြားသား ၇ ဦးဟာ ဥရောပက တင်သွင်းတဲ့ဒရုန်းတွေကို မီဇိုရမ်ကနေတဆင့် မြန်မာဖက်ခြမ်းက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဆီ ပို့ဆောင်ပေးဖို့လည်း ညှိနှိုင်း စီစဉ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သူတို့အဖွဲ့ဟာဘယ်အချိန်က မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့ပြီး ပြန်ထွက်လာသလဲ ဆိုတာတွေကိုတော့ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သူတို့တွေဟာ အိန္ဒိယကနေ ထွက်ခွာဖို့အတွက် လက်ခ်နောင်း၊ ဒေလီနဲ့ ကိုလ်ကတ္တား လေဆိပ်တွေဆီ ရောက်ရှိနေချိန်မှာ ကြားဖြတ် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို မတ်လ ၁၄ ရက်နေ့မှာ စတင် ရုံးထုတ်ခဲ့ပြီး မတ်လ ၁၆ ရက်နေ့ တရားခွင်မှာတော့ ၁၁ ရက်ကြာ ချုပ်နှောင်ထားဖို့ တရားသူကြီးက ခွင့်ပြုခဲ့ပါတယ်။

စွပ်စွဲခံရသူတွေဖက်က ကူညီပေးနေတဲ့ ရှေ့နေ ပရာမွတ် ကူးမား ဒူဘေးကတော့ သူတို့ကို ဖမ်းဆီးမှုဟာ တရားမဝင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ သူက NIAဟာ ဗီယင်နာ ကွန်ဗန်းရှင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာမှု မရှိခဲ့ကြောင်း စွပ်စွဲပြီး သူ့အမှုသည်တွေကို ဖမ်းဆီးဖို့ မှန်ကန်ခိုင်မာတဲ့ ပြစ်မှုပြစ်ချက် မရှိဘူးလို့လည်း တရားရုံးမှာ လျှောက်လဲသွားခဲ့ပါတယ်။

ကိုးကား-The Print

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မူးယစ်မှောင်ခိုသမားတွေ အသုံးပြုနေတာလို့ စွပ်စွဲပြီး ရေယာဉ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု မြောက်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂ (UN) အစီရင်ခံစာ တစ်စောင်က သုံးသပ်ထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဂရင်းလန်ကျွန်းမှာ နောက်ထပ် စစ်စခန်းနှစ်ခု ထပ်မံဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook