Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၈) မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၁၈၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပဲယင်း မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ ဒီပဲယင်းမြို့နယ်လူငယ်အဖွဲ့ -Depeyin Youth Community (DYC) မှ ပြည်သူလူထုအား လေကြောင်းအန္တရာယ်မှ ကင်းဝေးစေဖို့ ကြိုတင်ကာကွယ်ရေးနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ရှောင်ရန်တွေကို သိရှိစေဖို့ အသိပညာပေးဖြန့်ဝေခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ဒေသခံအမျိုးသမီးတွေကို ဖိတ်ကြားပြီး စံပြအမျိုးသမီးတစ်ဦးရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို ဆွေးနွေးကာ Gender Based Violence ဆိုင်ရာအခြေခံအသိပညာပေးမျှဝေပေးခြင်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ လူထုသပိတ် ချီတက်ဆန္ဒပြ သပိတ်မှောက်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီက ဦးဆောင်ပြီး တော်လှန်ရေးမှာ လူထူလှုပ်ရှားမှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေတဲ့အတွက် လူထုလှုပ်ရှားမှု လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

လူထုလှုပ်ရှားမှုရဲ့ အရေးပါမှု ၊ အသုံးဝင်မှုကို ပြည်သူတွေ သိရှိစေရန်အလို့ငှာ စာစောင်တွေကို ဖြန့်ဝေခဲ့တာဖြစ်ပြီး လက်နက်ကိုင် လှုပ်ရှားမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သလို လူထုလှုပ်ရှားမှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍအဖြစ် ပါဝင်နေကြောင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ က အသိပေးထားပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ မြောင်လူထုသပိတ်၊ DYC

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook