Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဈေးမြင့်တတ်မှုကြောင့် အဝေးပြေးယာဉ်လိုင်းတွေလည်း ဈေးတက်

စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။

စက်သုံးဆီဆိုင်မှာ ဆီဖြည့်နေတဲ့ အဝေးပြေးယာဉ်လိုင်းအချို့။ ဓာတ်ပုံ - YN

မတ်-၂၀၊၂၀၂၆။ရောင်နီ/People’s Spring

စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။

“ဒီ‌နေ့ (မတ်၂၀)ဆီဈေးတွေထပ်တက်လို့ ဈေးထပ်တတ်တာပါ။ ရန်ကုန်-မန္တလေးကို ရိုးရိုးကားက လေးသောင်း ၊ အထူးကားက ခြောက်သောင်းပါ”လို့ မန္တ‌လာမင်း အဝေးပြေးယာဉ်လိုင်းကဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အရင်က ရန်ကုန်-မန္တလေး ယာဉ်စီးခက ကျပ် သုံးသောင်းနှစ်ထောင်သာရှိခဲ့ပြီး ဆီဈေးတွေစတက်ချိန်ကလည်း ကျပ် သုံးသောင်းငါးထောင်အထိ တိုးမြှင့်ခဲ့ပါသေးတယ်။ အခုက ဒုတိယအကြိမ် ဈေးထပ်တက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အထူးကား‌တွေကလည်း ကျပ်လေးသောင်း နှစ်ထောင်ကနေ ကျပ်ငါးသောင်းအထိ ပထမအကြိမ်ဈေးတက်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ခြောက်သောင်းကျပ် ဖြစ်ခဲ့တာပါ။

ရန်ကုန်-မန္တလေး ခရီးစဉ်လိုပဲ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင်း နဲ့ ခရီးစဉ်အလိုက် ကျပ် ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ တက်သွားတာပါ။

ပြည်တွင်းမှာ စက်သုံးဆီစျေးဟာ စံချိန်တင်မြင့်တက်နေပြီး ဒီဇယ်တစ်လီတာကို ကျပ်ငါးထောင်နီးပါးရှိလာတာဖြစ်ပါတယ်။

ဒီနေ့ ( မတ်လ ၂၀) ရန်ကုန်မြို့မှာ 92 တစ်လီတာကို ၃,၆၁၀ ကျပ် ၊ 95 တစ်လီတာ ၃,၈၅၀ကျပ် ၊ ဒီဇယ် တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံ ဒီဇယ် ၄,၈၂၀ကျပ် စျေးနဲ့ရောင်းချပေးနေတာပါ။

အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၇၈၀ကနေ ကျပ် ၁၂၆၀အထိ စျေးတက်ခဲ့တာဖြစ်ပါတယ်။

ရက်ရှည်လာတဲ့အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ဖေဖော်ဝါရီ ၂၈ ရက်က ရေနံတစ်စည် ဒေါ်လာ ၆၀နဲ့ ၇၀ ဝန်းကျင်ကနေ အခုချိန်မှာ ဒေါ်လာ ၁၀၀ ကျော်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။