Connect with us

Hi, what are you looking for?

သတင်း

Elite ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ ခရီးသည်တွေ ဒဏ်ရာရ

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ Elite ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်မောင်းအိပ်ငိုက်ရာက တံတားအောက်ထိုးကျပြီး ခရီးသည် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဓာတ်ပုံ - Yangon-Mandalay Expressway Webportal

ဩဂုတ်-၁၅၊၂၀၂၆။သတိုး၊သုည/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းမှာ Elite ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်မောင်းအိပ်ငိုက်ရာက တံတားအောက်ထိုးကျပြီး ခရီးသည် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့ (ဩဂုတ်၁၅) မနက် ၅ နာရီကျော်မှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကိုထွက်ခွာလာစဉ် မိုင်တိုင် ၅၈/၁ အနီးမှာ Elite ခရီးသည်တင်ယာဉ်က ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဝင်တိုက်ကာတံတား‌အောက်ကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၂ ဦး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမြန်လမ်းမှာ ဖြစ်တဲ့ယာဉ်တိမ်းမှောက်မှု အများစုက ယာဉ်မောင်းအိပ်ငိုက်တာကြောင့် ဖြစ်ပြီး ယာဉ်မောင်းတွေအနေနဲ့ ကား နှစ်နာရီဆက်တိုက်မောင်းပြီးတိုင်း ယာဉ်ရပ်နားစခန်းတွေမှာ ရပ်နားဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အကြံပြုထားပါတယ်။

ဒါ့အပြင် ခရီးသည်တွေအနေနဲ့လည်း ထိုင်ခုံခါးပတ် ပတ်ကြဖို့ ၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်မိုင်နှုန်းနဲ့ မောင်းနှင်ဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ၊ ၆ နဲ့ ၇ ရက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်တင်ကားယာဉ်မောင်းတွေ အိပ်ငိုက်ပြီး ယာဉ်တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စက်သုံးဆီဈေးနှုန်းစံချိန်တင် မြင့်တတ်လာတာကြောင့် အဝေးပြေးယာဉ်လိုင်းတွေရဲ့ ယာဉ်စီးခတွေလည်း ဈေးတက်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသည်တင်ယာဉ် ပစ်ခတ်လို့ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။