Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်အရှေ့ခြမ်း တိုက်ပွဲပြင်းထန်နေပြီး နယ်မြေတချို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ထားရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ သစ်ဆိမ့်ရွာက စစ်တပ်က အင်အားတိုးပြီး ဆက်တိုက် စစ်ကြောင်းထိုးလာလို့ နယ်မြေတချို့ ဆုံးရှုံးလိုက်ရသလို တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မင်းကုန်းရွာကို Google Earth မှ တွေ့ရစဥ်။ ဓာတ်ပုံ - Screen-grab

မတ်-၂၁၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ သစ်ဆိမ့်ရွာက စစ်တပ်က အင်အားတိုးပြီး ဆက်တိုက် စစ်ကြောင်းထိုးလာလို့ နယ်မြေတချို့ ဆုံးရှုံးလိုက်ရသလို တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ်လ ၂၀ရက် မနေ့က မနက် ၄နာရီ လောက်မှာ သစ်ဆိမ့်ရွာကို တပ်စွဲထားတဲ့ စစ်တပ်က အသေခံပြီး ဆက်တိုက်ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။

သစ်ဆိမ့်ရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ရက်ကတည်းက စစ်တပ်က တပ်စွဲလိုက်ပြီးတဲ့နောက် ရွာရဲ့ အနောက်ဘက်က ခရိုင်ချင်းဆက်လမ်းကို ထိန်းချုပ်ဖို့ကြိုးစားနေခဲ့တာလို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဒီလမ်းဘက်ကိုထွက်တဲ့ သစ်ဆိမ့်ရွာရဲ့ အနောက်ဘက်က ရေဖြူလမ်းဆုံကို ထိုးစစ်ဆင်လာတာမို့ တလကျော်အကြာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဆိုင်ထားပြီး ဆက်တိုက် တိုက်ပွဲဖြစ်နေခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ခမရ-၁၂(ကျောက်မြောင်း)တပ်ကနေ အင်အားထပ်တိုးပြီး စုစုပေါင်း အင်အား၂၀၀ လောက်နဲ့ မနေ့က ဆက်တိုက်တိုးလာတာလို့ ဆိုပါတယ်။ ဒီနေ့အထိ ‌‌ရေဖြူလမ်းဆုံနဲ့ ရေချိုအိုင်ရွာကို စစ်တပ် ရောက်ရှိပြီး မင်းကုန်းရွာအနီးမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

“မနေ့ကနေ ဒီနေ့အထိဖြစ်နေတဲ့တိုက်ပွဲမှာတော့ ကိုယ့်ဘက်က ကျဆုံးမရှိဘူး။ သူတို့ဘက်ကပဲရှိတာ။ သူတို့ထိုးစစ်ဆိုတော့ ကိုယ့်ဘက်က အခိုင်အမာယူထားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းမှာ အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ မင်းကုန်းရွာအနီး တိုက်ပွဲဆက်ဖြစ်နေတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီစစ်ကြောင်းကြောင့် ဒေသခံရွာတွေက ပြည်သူတွေလည်း ကျေးရွာတွေထဲကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ကံပေါက်ရွာကို စစ်တပ်က အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook