Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်အုပ်စုက လူငယ်တွေ ပေါ်တာဆွဲရာ ၄ရက်အတွင်း ၅၀ကျော်ပါသွား

​မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းပြီး လူငယ်တွေကို လိုက်လံ ပေါ်တာဆွဲဖမ်းဆီးရာ ၄ရက်အတွင်း လူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

​မတ်-၂၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းပြီး လူငယ်တွေကို လိုက်လံ ပေါ်တာဆွဲဖမ်းဆီးရာ ၄ရက်အတွင်း လူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကစပြီး စစ်အုပ်စုက ဝမ်းတွင်းမြို့နယ်အတွင်းက စမုံမြစ်အရှေ့ဘက်ကမ်းရှိ သရက်ကန်၊ ကန်စွယ်၊ ဆူးပန်း၊ မြင်းကျကန်၊ မန်ကျည်းအုပ်ရွာ၊ မတ်လ ၁၉ ရက်က ရွှေတွင်းတူးဆည်ရွာနဲ့ သဲတောမြို့၊ မြတ်ဘုန်းရှင်ဘုရားအနီးနဲ့ ဆီဆိုင်အနီး၊ မတ်လ ၂၀ ရက်က အိုင်သာ၊ ဒလ၊ ဉာဏ်ကန်၊ ရှောက်တော၊ ဘုရားစုစတဲ့ရွာတွေနဲ့ ဒီကနေ့ မတ်လ ၂၁ ရက်မှာ ဖလန်ကန်၊ ဆပ်ခင်းရွာနဲ့ပင်းတလဲအနီးမှ ရွှေပေါ်ကျွန်း-ဘုရားဖြူ လမ်းတလျှောက်တွေမှာ လိုက်လံပေါ်တာဆွဲရာ လူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရကြောင်း Voice Of Wundwinအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နေအိမ်အတွင်း အိပ်ပျော်နေသူတွေနဲ့ ဘုန်းကြီးကျောင်း အရုဏ်ဆွမ်းပို့သူတွေပါ ပါဝင်ကြောင်း၊ စစ်အုပ်စုဟာ ကျေးရွာတွေကို လှည့်လည်မွှေနှောက်ပြီး လမ်းပေါ်တွေ့သမျှ လူငယ်တွေကို ကားပေါ်ဆွဲတင်တာတွေ၊ အိမ်ပေါ်ထိတက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပျူစောထီးတွေကလည်း မူးယစ်ဆေးရောင်းတဲ့သူတွေနဲ့ပေါင်းပြီး ဆေးလာဝယ်တဲ့လူငယ်တွေကိုပါ ပေါ်တာဆွဲနေတယ်လို့ Voice Of Wundwinအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“ပျူစောထီးနဲ့ ဆေးရောင်းတဲ့သူတွေပေါင်းပြီး ဆေးလာဝယ်တဲ့ကောင်တွေကို လမ်းမှာ ပိတ်ဖမ်းပြီး ချောဆွဲနေကြတာ။ ၂၆ ရက်နေ့အထိ ဆွဲမယ်လို့ကြားထားတယ်။ ပျူစောထီးရဲ့ညီတစ်ယောက်ဆေးသွားဝယ်တာ အဖမ်းခံရပြီး အကိုဖြစ်သူ ပျူစောထီးကို ဖုန်းဆက်ပြောတော့ တစ်ယောက်နဲ့ နှစ်ယောက် လဲရမယ်ဆိုပြီး ၂ ယောက်ရှာပေးလိုက်ရတယ်တဲ့”လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ ပင်းတလဲအနီးနဲ့ အရှေ့ဘက် ရွှေပေါ်ကျွန်း-ဘုရားဖြူ လမ်းပိုင်းတွေမှာလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေလို့ ပြည်သူတွေ သတိပြုဖို့ လိုအပ်နေကြောင်း Voice Of Wundwinအဖွဲ့က သတိပေးပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှုထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှုထမ်း အပတ်စဉ် (၂၂)ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာစတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။