Connect with us

Hi, what are you looking for?

သတင်း

ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား မတ်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မတ် – ၂၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား မတ်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ (မတ်လ ၂၁ရက် ) မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တို့အကြား ဖလူးကြီးကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ဖြစ်ခဲ့ပြီး အဲဒီနောက်မှာ စစ်ကောင်စီလေတပ်က ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။

မြဝတီတောင်ဘက်ခြမ်းကို သိမ်းယူဖို့အတွက် စစ်ကောင်စီတပ်က မြ၀တီမြို့ပေါ်ကနေ အင်အားအများအပြား ထပ်မံဖြည့်ဆည်းနေပြီး ထိုင်းနယ်စပ်နားမှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေးကျေးရွာတွေအပြင် မင်းလက်ပံကျေးရွာတွေဆီ အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။

Public Service Announcement

Public Service Announcement

မနေ့က ဆိုရင် အင်ကြင်းမြိုင်ရွာဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မင်းလက်ပံကျေးရွာအဝင် ဆိုင်းဘုတ်နားထိ ရောက်ရှိလာပြီလို့ မင်းလက်ပံဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေပြီး KNU ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက စစ်ကြောင်း သုံး ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီနေ့ အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။