Connect with us

Hi, what are you looking for?

သတင်း

ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား မတ်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မတ် – ၂၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့အကြား မတ်လ ၂၁ ရက် မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ (မတ်လ ၂၁ရက် ) မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNU ပူးပေါင်းတပ်တို့အကြား ဖလူးကြီးကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ဖြစ်ခဲ့ပြီး အဲဒီနောက်မှာ စစ်ကောင်စီလေတပ်က ဗုံးနှစ်လုံး ကြဲချခဲ့တာလို့ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။

မြဝတီတောင်ဘက်ခြမ်းကို သိမ်းယူဖို့အတွက် စစ်ကောင်စီတပ်က မြ၀တီမြို့ပေါ်ကနေ အင်အားအများအပြား ထပ်မံဖြည့်ဆည်းနေပြီး ထိုင်းနယ်စပ်နားမှာရှိတဲ့ ဖလူးကြီး၊ ဖလူးလေးကျေးရွာတွေအပြင် မင်းလက်ပံကျေးရွာတွေဆီ အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။

Public Service Announcement

Public Service Announcement

မနေ့က ဆိုရင် အင်ကြင်းမြိုင်ရွာဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မင်းလက်ပံကျေးရွာအဝင် ဆိုင်းဘုတ်နားထိ ရောက်ရှိလာပြီလို့ မင်းလက်ပံဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေပြီး KNU ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းက စစ်ကြောင်း သုံး ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီနေ့ အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။