Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီစျေးကြောင့် မုံရွာက ယာဥ်လိုင်းတွေ စျေးတက်

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့အခြေစိုက် ယာဉ်လိုင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မျက်မှောက်ခေတ်

မတ်-၂၂၊၂၀၂၆။ဇေအောင်/People’s Spring

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီအခြေအနေတွေကြောင့် မုံရွာမြို့အခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအချို့ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

​မုံရွာမြို့ကနေ ရန်ကုန်၊ မန္တလေးနဲ့ ပြင်ဦးလွင်အစရှိတဲ့ မြို့တွေကို ပြေးဆွဲနေတဲ့ ယာဉ်စီးခတွေကို မတ်လ ၂၃ ရက်ကစတင်ကာ စျေးနှုန်းတိုးမြှင့်သွားမှာဖြစ်ကြောင်း ယာဥ်လိုင်းအချို့က အသိပေးပါတယ်။

ကားအသေးနဲ့ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတစ်ခုက ယခင်က မုံရွာ-မန္တ​လေး ရှေ့ခန်း၂၅၀၀၀ ကျပ်ကနေ ၃၂၀၀၀ ကျပ်၊ နောက်ခန်း၂၃၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်သို့လည်းကောင်း၊ မုံရွာ-ပြင်ဦးလွင်ကို ယခင် ရှေ့ခန်း ၄၀၀၀၀ ကျပ်ကနေ ၄၇၀၀၀ ကျပ်၊ ယခင် နောက်ခန်း ၃၈၀၀၀ ကျပ်ကနေ ၄၅၀၀၀ ကျပ်သို့လည်းကောင်း စျေးနှူန်းတိုးမြှင့်သွားမယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်-မုံရွာကားတွေလည်း ယခင် ကျပ်သုံးသော​င်းဝန်းကျင်ကနေ ကျပ်ငါးသောင်းခန့်အထိ စျေးမြင့်တက်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။ “ဒါတောင် ထပ်တက်ဦးမှာပြောတယ်။ သင်္ကြန်အတွက် လက်မှတ်ကြိုသွားဝယ်တာကို မရောင်းပေးသေးဘူး။ ​ဆီစျေးကြောင့်မို့လို့တဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အလားတူ ရန်ကုန်-မန္တလေး အဝေးပြေးယာဥ်လိုင်းတွေလည်း ယခင် ရိုးရိုးကား ကျပ် နှစ်သောင်းခွဲဝန်းကျင်ကနေ ကျပ်လေးသောင်း၊ အထူးကား ကျပ် သုံးသောင်းခွဲဝန်းကျင်ကနေ ကျပ်ခြောက်သောင်းဝန်းကျင်အထိ စျေးနှုန်းများ မြင့်တက်လာကြောင်း ကားလက်မှတ်အရောင်းဌာနတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ အခြားမြို့‌တွေကိုပြေးဆွဲတဲ့ ခရီးစဉ်တွေလည်း ယာဉ်လိုင် နဲ့ ခရီးစဉ်အလိုက် ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

စက်သုံးဆီစျေးကြောင့် ရန်ကုန်၊ မန္တလေးမြို့ရှိ အဝေးပြေးယာဥ်လိုင်းတွေလည်း စျေးနှုန်းများ မြင့်တက်လာပြီး ကြိုဝယ်ထားသူတွေကို လက်မှတ်စျေးနှုန်းတိုးတောင်းတာကြောင့် ခရီးသည်တွေနဲ့ ကတောက်ကဆတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။

စက်သုံးဆီစျေးဟာ ဒီကနေ့ မတ်လ ၂၂ ရက်နေ့မှာ ရန်ကုန် ပေါက်စျေး(တစ်လီတာ)အနေနဲ့အောက်တိန်း 92 ၃၆၁၀ကျပ်၊ အောက်တိန်း 95 ၃၈၅၀ ကျပ်၊ ပရီမီယမ်ဒီဇယ် ၄၈၂၀ ကျပ်၊ ရိုးရိုးဒီဇယ် ၄၃၉၀ ကျပ် ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။