Connect with us

Hi, what are you looking for?

သတင်း

ရက်စာ ၅၀ ဆီရှိတယ်ဆို​ပေမယ့် ရန်ကုန်မြို့က စက်သုံးဆီဆိုင်အချို့ မတ် ၂၆ ရက်မှ ဆီပြန်ရောင်းမယ်ဆို

စစ်​ကောင်စီက ရက် ၅၀ စာစက်သုံးဆီရှိတယ် ဆို​ပေမယ့်ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်အချို့ဟာ ဆီကုန်​နေလို့ ဓာတ်ဆီ 92 နဲ့ 95 တွေကို အရောင်းရပ်ထားပြီး မတ် ၂၆ ရက်မှ ပြန်ရမယ်လို့ ကြေညာထားပါတယ်။

ဓါတ်ပုံ- People's Spring

မတ်-၂၃၊၂၀၂၆။ရောင်နီ/People’s Spring

စစ်​ကောင်စီက ရက် ၅၀ စာစက်သုံးဆီရှိတယ် ဆို​ပေမယ့်ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်အချို့ဟာ ဆီကုန်​နေလို့ ဓာတ်ဆီ 92 နဲ့ 95 တွေကို အရောင်းရပ်ထားပြီး မတ် ၂၆ ရက်မှ ပြန်ရမယ်လို့ ကြေညာထားပါတယ်။

တာမွေမြို့နယ်က Regency ဆီဆိုင်မှာ 92 နဲ့ 95 အမျိုးအစားတွေကို မတ် ၂၂ ရက် နေ့လည်အထိရောင်းပေးခဲ့ပြီး သီလဝါဆိပ်ကပ် Terminal ကနေ ထပ်ထုတ်နေရတာကြောင့် မတ် ၂၆ ရက် ညနေ ၄ နာရီမှပြန်ရောင်းပေးနိုင်မယ်လို့ ကြေညာထားပါတယ်။

ဆီဆိုင်အများစုမှာလည်း တချို့နေရာတွေက 92 ပဲရသလို တချို့ဆိုင်တွေက 95 ပဲရတယ်လို့ ယာဉ်ပိုင်ရှင်တွေက လူမှုကွန်ရက်ကနေ အချင်းချင်း မျှဝေထားကြပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့မှာ ဆီရောင်းချဖို့ ကြေညာထားစဉ်။ဓါတ်ပုံ- People’s Spring

စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းတွေကို သောကြာနေ့တိုင်းမှာ အပြောင်းအလဲ ပြုလုပ်လေ့ရှိတာကြောင့် စက်သုံးဆီဆိုင်တွေဘက်က ဈေးအတတ်ကို စောင့်ရောင်းတာလည်း ဖြစ်နိုင်တယ်လို့ ယာဉ်ပိုင်ရှင်အချို့က သုံးသပ်ထားပါတယ်။

ပြည်တွင်းစက်သုံးဆီစျေးက သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်နေပြီး လက်ရှိရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ92တစ်လီတာက ၃,၆၁၀ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၃,၈၅၀ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၄,၃၉၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၄,၈၂၀ကျပ်နဲ့ရောင်းချနေတာပါ။

လက်ရှိမှာ ကားတွေအနေနဲ့ စက်သုံးဆီကို ရက်အလိုက် စုံ ၊ မ ခွဲပြီး ဝယ်ယူနေရတာပါ။ဒါ့အပြင် စစ်ကောင်စီဘက်က စက်သုံးဆီဝယ်ယူရာမှာ ပိုအဆင်ပြေစေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ယာဥ်ရဲ့စက်စွမ်းအား(အင်ဂျင်ပါဝါ)ပေါ်မူတည်ကာ တစ်ပတ်အတွင်းဝယ်ယူခွင့်ရှိတဲ့ ပမာဏကို သတ်မှတ်ပြီး တစ်ပတ်အတွင်းတစ်ကြိမ်တည်းဖြစ်စေ အများဆုံးနှစ်ကြိမ်ဖြစ်စေ ဝယ်ယူနိုင်မယ့်စနစ်ကို Wheel Tax(ယာဥ်သက်သေခံလက်မှတ်)ရဲ့ Bar code နဲ့ QR code စနစ်ထဲထည့်သွင်းမယ့် အစီအစဥ်သစ်ကိုလာမယ့် ရက်သတ္တပတ်စမယ်လို့ မတ် ၂၂ ရက်မှာထုတ်ပြန်ထားဝာာပါ။

စစ်ကောင်စီက အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် ဝယ်ယူဖို့ ခက်ခဲနေတဲ့ စက်သုံးဆီနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ခဏခဏထုတ်ပြန်နေ‌တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။