Connect with us

Hi, what are you looking for?

နိုင်ငံတကာ

AIစက်ရုပ်ကို အိမ်ဖြူတော်ဆီ ဖိတ်ခေါ်လာခဲ့တဲ့ အမေရိကန် သမ္မတကတော်

အိမ်ဖြူတော်က ဆွေးနွေးပွဲ တစ်ခုမှာ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုထားတဲ့ လူတူစက်ရုပ် တစ်ရုပ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အိမ်ဖြူတော်က ဆွေးနွေးပွဲ တစ်ခုမှာ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုထားတဲ့ လူတူစက်ရုပ် တစ်ရုပ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။

အိမ်ဖြူတော်ရဲ့ အရှေ့ဆောင်မှာ နိုင်ငံရေးသမားတွေ၊ နိုင်ငံခြား သံအရာရှိတွေ၊ စစ်သူရဲကောင်းတွေ၊ အနုပညာရှင်တွေ၊ ထိပ်တန်း အားကစားသမားတွေက မိန့်ခွန်းတွေ ပြောခဲ့ဖူးပေမယ့် မတ်လ ၂၅ ရက်နေ့မှာတော့ ပထမဆုံး အကြိမ်အဖြစ် စက်ရုပ်တစ်ရုပ်က မိန့်ခွန်းပြောရင်း သမ္မတကတော်ကို ဧည့်ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

သူ့ကို အိမ်ဖြူတော်ဆီ ဖိတ်ကြားခဲ့တဲ့အတွက် သမ္မတကတော်ကို ကျေးဇူးတင်ပါတယ်လို့လည်း အမေရိကန်လုပ် အဖြူရောင် စက်ရုပ်က အမျိုးသမီး တစ်ဦးရဲ့ အသံနဲ့ ပြောကြားခဲ့ပါတယ်။ စက်ရုပ်က သူ့ကိုယ်သူ Figure 3လို့ မိတ်ဆက်ခဲ့ပါတယ်။ မယ်လာနီယာ ကြီးမှူးတဲ့ AI ပညာရေးနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေး ဆွေးနွေးပွဲမှာ စကားပြောခွင့်ရလို့ ဂုဏ်ယူပါတယ်လို့လည်း Figure 3က ဆိုခဲ့ပါတယ်။

ကလေးတွေကို ပညာရေးနဲ့ နည်းပညာတွေ အသုံးပြုပြီး ပိုမိုဖွံ့ဖြိုးလာအောင် မြှင့်တင်ပေးမယ့် သမိုင်းဝင် လှုပ်ရှားမှုမှာ ပါဝင်ခွင့်ရလို့လည်း ကျေးဇူးတင်ကြောင်း စက်ရုပ်က ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

Figure 3ဟာ မယ်လာနီယာနဲ့အတူ ခန်းမဆောင်ထဲ ဝင်လာပြီးတဲ့နောက် ဆွေးနွေးပွဲ တက်ရောက်သူတွေရဲ့ အလယ်မှာ မိန့်ခွန်းပြောပြီး ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ မယ်လာနီယာနဲ့အတူ မျှော်လင့်မထားတဲ့ ဧည့်သည်လည်း ပါလာလို့ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတကာ နည်းပညာ ကုမ္ပဏီတွေကနေ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တွေလည်း တအံ့တဩ ဖြစ်ခဲ့ကြပါတယ်။

အဲဒီစက်ရုပ်ကို အမေရိကန်ရဲ့ AI လူတူစက်ရုပ် နည်းပညာ ကုမ္ပဏီ Figureက ဖန်တီးထားတာ ဖြစ်ပါတယ်။ စက်ရုပ်ဟာ ခန်းမဆောင်ထဲက ပြန်မထွက်ခင်မှာ လက်ဝှေ့ယမ်းပြရင်း ကြိုဆိုပါတယ်ဆိုတဲ့ စကားကို ဘာသာစကား ၁၁ မျိုးနဲ့ အသံထွက် ပီပီသသ ပြောသွားခဲ့ပါတယ်။

Figure 3ရဲ့ လမ်းလျှောက်ပုံဟာ နည်းနည်း ဆတ်တောက်ဆတ်တောက်နဲ့ နှေးကွေးပေမယ့် ဟန်ချက်ညီညီ အောင်အောင်မြင်မြင်ပဲ ရွေ့လျားနေနိုင်တာကို တွေ့ခဲ့ရပါတယ်။

မယ်လာနီယာက အနာဂတ် အမေရိကန် စာသင်ခန်းတွေထဲမှာ Figure 3လို စက်ရုပ်တွေဟာ နေရာအနှံ့ တွေ့ရမယ့် သင်ထောက်ကူ ပစ္စည်းတွေ ဖြစ်လာနိုင်တယ်လို့ သူ့ရဲ့ အမြင်ကို မှတ်ချက်ပေး ပြောကြားသွားပါတယ်။ သူက AI နည်းပညာဟာ သိပ်မကြာခင်မှာ လူသးတွေရဲ့ စမတ်ဖုန်းတွေထဲကနေ လူတူစက်ရုပ်တွေဆီ ကျယ်ကျယ်ပြန့်ပြန့် ပြောင်းရွှေ့ရောက်ရှိလာလိမ့်မယ်လို့လည်း ဆိုပါတယ်။

လူနေမှု ပတ်ဝန်းကျင်ကို လူသားတွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့အခါ လူသားတွေနဲ့ ဆင်တူတဲ့ စနစ်တွေဟာ အကိုက်ညီဆုံး ဖြစ်လာလိမ့်မယ်လို့လည်း မယ်လာနီယာက မှတ်ချက်ပေးခဲ့ပါတယ်။

တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့လို ကမ္ဘာ့နိုင်ငံကြီးတွေဟာ AIစနစ်နဲ့ ကိုယ်တိုင် ထိန်းချုပ်နိုင်၊ ဆုံးဖြတ်နိုင်တဲ့ လူတူစက်ရုပ် နည်းပညာအတွက် အကြိတ်အနယ် ပြိုင်ဆိုင်နေကြပါတယ်။ ဖေဖော်ဝါရီ လတုန်းက တရုတ်ဟာ ရိုးရာ တရုတ်နှစ်သစ်ကူး ဂုဏ်ပြုပွဲ အစီအစဉ်မှာ လူတူစက်ရုပ်တွေရဲ့ ကွန်ဖူးစွမ်းရည် သရုပ်ပြမှုတွေကို ထည့်သွင်းပြသသွားပြီး တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

အတွေးအမြင်

တစ်ချိန်ကစောင့်ကြည့်ထောက်လှမ်းရေစနစ် (Surveillance)ဆိုတာကိုပြောလိုက်ရင် လူအများစုရဲ့စိတ်ထဲမှာ CCTV ကင်မရာတွေ၊ လမ်းထောင့်မှာ ရဲကားရပ်ထားတာတွေ၊ ဒါမှမဟုတ် ဖုန်လိုင်းကြားဖြတ်နားထောင်တာ မျိုးတွေကိုပဲ မြင်ကြပါတယ်။

နိုင်ငံတကာ

ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ အစားထိုးလိုက်တာကြောင့် ဆိုတာမျိုးက ငပျင်းတွေပေးတဲ့ ဆင်ခြေလို့ Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားလိုက်ပါတယ်။