Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်ကြားက စစ်ကိုင်းဒေသသပိတ်အင်အားစုရဲ့ ဒုတိယအကြိမ်ညီလာခံ ကျင်းပ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားကနေ စစ်ကိုင်းဒေသသပိတ်အင်အားစုက စစ်ကိုင်းတိုင်း တနေရာမှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု

မတ်-၂၇၊၂၀၂၆။ သုည/People’s Spring

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားကနေ စစ်ကိုင်းဒေသသပိတ်အင်အားစုက စစ်ကိုင်းတိုင်း တနေရာမှာ ဒုတိယအကြိမ် ညီလာခံ ကျင်းပခဲ့ပါတယ်။

မတ်လ ၂၁ နဲ့ ၂၂ရက်မှာ အောင်မြင်စွာ ကျင်းပခဲ့ပြီး သပိတ်အင်အားစု ၂၉ဖွဲ့ တက်ရောက်ခဲ့ကြောင်း သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“ခုရက်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားကပဲ ဒုတိယအကြိမ် ညီလာခံကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေ၊ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင် ဖြစ်ခဲ့ပါတယ်။ အခက်အခဲအချို့ကြောင့် သပိတ်အင်အားစု အကုန်မတက်နိုင်ပေမယ့် ၂၉ ဖွဲ့ တက်ရောက်နိုင်ခဲ့ပါတယ်” လို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းဒေသသပိတ်အင်အားစုရဲ့ ဒုတိယအကြိမ်ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ၊ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရအဖွဲ့ (SFUIG)၊ စစ်ကိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော် ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု -GSCB၊ တ.က.သ ကျောင်းသားဟောင်းများ အင်အားစု တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

စစ်ကိုင်းဒေသသပိတ်အင်အားစုအနေနဲ့လည်း စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ပြည်သူလူထုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ “ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီး”မှာ ပါဝင်ကြဖို့ နိုးဆော်တဲ့ လှုပ်ရှားမှုကို စစ်ကိုင်းမြို့နယ် လူထုသပိတ် အင်အားစုက ပြုလုပ်ခဲ့ပါတယ်။