Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၂၇) မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ GSCB

မတ်-၂၇၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (မတ်လ ၂၇) မှာ ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ၅/ဆလကလူထုသပိတ် စစ်ကြောင်းမှ ဒီကနေ့ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့မှာ ဖက်ဆစ်စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်ကြောင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဝက်လက်မြို့နယ် ကျေးရွာတွေမှာလည်း သပိတ်ကော်မတီဝင်တွေ ဦးဆောင်ပြီး ပြည်သူလူထုအနေနဲ့ တော်လှန်ရေးမှာပါဝင်မှု ပြန်လည်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိန့်လန့်မှု ဘ၀အမောတွေကို ခဏတာ ပြေပျောက်စေဖို့ ရည်ရွယ်ကာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးမှု လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စည်းရုံးရေးလုပ်ငန်းစဉ်မှာ ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့မှ အဖွဲ့၀င်တွေ၊ ကျေးရွာ ပအဖ၊ပကဖ တာ၀န်ခံတွေ၊ ကျေးရွာပညာရေးတာ၀န်ခံတွေနဲ့ ကျေးရွာပြည်သူတွေက တက်ကြွစွာ ပူးပေါင်းပါ၀င်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင််မည် ရွှေရေကြည် လူထုသပိတ်က ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။