Connect with us

Hi, what are you looking for?

သတင်း

CDMသူနာပြု အဓမ္မပြုကျင့်သတ်ဖြတ်သူကို PDFက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

ပျူစောထီး မောင်ဆန်း သေဆုံးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - တပ်ရင်း - ၃၈၀၂

▪️CDMတွေအပေါ် ပြစ်မှုကျူးလွန်ရင် အချိန်ကြာလည်း မေ့ပျောက်မှာမဟုတ်ဟု တပ်ရင်း ၃၈၀၂ ၊တပ်ခွဲ(၅) စစ်ရေးတာဝန်ခံပြော

မတ် ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၂၀ရက် ညပိုင်းမှာ မောင်ဆန်းဆိုတဲ့ ပျူစောထီးကို သူ့ရဲ့ နေအိမ်ကို သွားရောက်ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ် ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားတာလို့ ဆိုပါတယ်။ မောင်ဆန်းနဲ့ အတူ ထွက်ပြေးတဲ့ ပျူစောထီးခေါင်းဆောင်တစ်ဦး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ မောင်ဆန်းဟာ စစ်ကောင်စီတပ်ရဲ့ အမာခံ ထောက်တိုင်ဖြစ်ပြီး ၂၀၂၂ ဇန်နဝါရီ ၁၆ရက်က CDM သူနာပြု ဆရာမ မမေဇွန်မိုးအား အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာ အခြေစိုက် ခမရ(၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားများ နှင့်အတူ မုဒိမ်းကျင့် သတ်ဖြတ်ရာမှာ ကျူးလွန်ခဲ့သူ ဖြစ်ကြောင်း တပ်ရင်း(၃၈၀၂) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မောင်ဆန်းဟာ မမှန်မကန် သတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးခိုင်းတာ၊ လူငယ်တွေကို စစ်တပ်နဲ့အတူ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေလို့ အခုလို အရေးယူတာလို့ ဖော်ပြထားပါတယ်။

” ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာ အဓိက ပါဝင်နေတဲ့ CDM တွေအပေါ် ပြစ်မှုကျူးလွန်ရင် ကျနော်တို့ အနေနဲ့ အချိန်ဘယ်လောက် ကြာကြာ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး” လို့လည်း စစ်ဆင်ရေး ဖော်ဆောင်ခဲ့တဲ့ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅) စစ်ရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို တိုက်ခိုက်သွားမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အနီးသွားလာနေထိုင်တာ မလုပ်ဖို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook