Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုသပိတ်၊ GSCB

မတ်-၂၈၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၈)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ကျောင်းသား/သူ လူငယ်တွေက “တပ်မတော်နေ့မဟုတ်ဘူးတော်လှန်ရေးနေ့”၊ “ဖက်ဆစ်ကို မြေလှန်..ဒို့..တော်လှန်ရေးအောင်လံ” စာသားပါ လက်ကမ်းစာစောင်တွေနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အလားတူ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက ဦးဆောင်ပြီး တော်လှန်ရေးနေ့ အထိမ်းအမှတ် တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက တော်လှန်ရုပ်ရှင်ပြသရင်း ပြည်သူလူထုကို ခွန်အားပေးစကားပြောကြားတာ ဒေသခံတော်လှန်လူငယ်တွေနဲ့အတူ သွေးသစ္စာ၊ ဒေါင်းကတဲ့နေ့၊ ရောင်နီသီချင်းတွေ သီဆို ကပြဖျော်ဖြေကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း သပိ​တ်​အင်အားစုနဲ့ ဆန္ဒပြတော်လှန်ပြည်သူတွေက “အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်” စာသားကိုင်ဆွဲပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း တော်လှန်ရေးမှာ ပြည်သူတွေပါဝင်တာ ပြန်အားကောင်းလာစေဖို့နဲ့ ပြည်သူတွေရဲ့ ဘဝအမောတွေ ပြေပျောက်စေဖို့ ဝက်လက်သပိတ်ကော်မတီဟာ တော်လှန်ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်းရုံးရေး ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ခရီး ကြာရှည်လာတာနဲ့အမျှ ပြည်သူတွေပါဝင်တာ အားနည်းလာပြီး စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်လို့ ပြည်သူတွေ နေ့စဉ်နဲ့အမျှ ကြောက်ရွံ့ ထိတ်လန့်နေကြရတာကြောင့် အခုလို ဖျော်ဖြေတာလို့ ဝက်လက်သပိတ်အင်အားစုက ဆိုပါတယ်။

ဝက်လက်မြို့နယ် ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ ကျေးရွာ ပအဖ၊ ပကဖ တာဝန်ခံတွေနဲ့ ကျေးရွာပညာရေးတာဝန်ခံတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။