Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ အိမ်စီးကား မှောက်ပြီး သုံးဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

အမြန်လမ်းပိုင်းတစ်နေရာ ( ပုံဟောင်း)

မတ် – ၂၈ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သံဃာတော်တစ်ပါး၊ အမျိုးသား သုံး ဦးနဲ့ အမျိုးသမီး တစ် ဦး စုစုပေါင်း ငါးဦးလိုက်ပါလာတဲ့အိမ်စီးကားဟာ အမြန်လမ်းမှာဒီနေ့ မနက် ၆ နာရီခန့်မှာ တိမ်းမှောက်ခဲ့တာပါ။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာတဲ့ သံဃာတော်နဲ့ အမျိုးသား ၂ဦး စုစုပေါင်း သုံးဦး သေဆုံးပြီး ကျန်နှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရသွားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေး တစ်ဦးလည်းပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာရသူနှစ်ဦးကလည်းစိုးရိမ်ရတဲ့အတွက်နေပြည်​တော်ကုတင် တစ်ထောင်ဆေးရုံဆီ ပို့ဆောင်ပြီး ဆေးဝါးကုသနေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်သွားကားလမ်းပေါ်မှာကားချင်း မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဘုန်းကြီး ရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူထံကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အဝေးပြေးယာဥ်နဲ့ ဘုရားဖူးယာဉ် တိုက်မှုဖြစ်ပြီး သံဃာ ၈ပါး အပါအဝင် ၁၁ဦးသေဆုံးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတချို့က ပြောပါတယ်။