Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်နဲ့ မြို့သစ်မှာ ပေါ်တာဆွဲရာပါဝင်တဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီးကို PDF ဖမ်းဆီး

​မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ အငြိမ်းစားအရာရှိနဲ့ ပျူစောထီး၊ ၎င်းတို့ရဲ့သက်သေခံစာရွက်စာတမ်းများ ဓာတ်ပုံ-ဂဠုန် PDF

​မတ်-၂၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

မြို့သစ်မြို့နယ်အတွင်း လူငယ်တွေကို ပေါ်တာဆွဲရာမှာ ပတ်သက်နေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးအောင်သိုက်ဆိုသူကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီးရှိ ရွှေနတ်ကယ်တောင် ဘုရားကြီးအတွင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်းနတ်မောက်မြို့နယ်၊ သရက်ချဉ်ကျေးရွာက ပျူစောထီး ကိုဇော်နိုင်ဝင်းဆိုသူကို စိုင်ကောင်းကျေးရွာအနီးမှာပဲ ဖမ်းဆီးရမိခဲ့ကြောင်း ကိုအောင်ဒင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ကို​ဇော်နိုင်ဝင်းက လက်နက်ကိုင် ပျူစောထီးဖြစ်တယ်။ ပေါ်တာဆွဲတဲ့ထဲလည်းပါတယ်။ နောက်တစ်ယောက်က အရာရှိအငြိမ်းစားကတော့ သူ့မှတ်တမ်းထဲမှာ ပေါ်တာဆွဲတဲ့စာရင်းတွေ ပါလာတယ်။ လက်နက်ကိုင်တော့မဟုတ်ဘူး” လို့ နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။

​၎င်းတို့ထံကနေ စစ်တပ်နဲ့ ဆက်သွယ်တဲ့ ဖုန်းနံပါတ်တွေနဲ့ ပေါ်တာဆွဲရာမှာ အသုံးပြုခဲ့တဲ့ မှတ်တမ်းအချို့ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

​၎င်းတို့ကို လက်တလော ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ်ဟာ စစ်တပ်စစ်ကြောင်းထိုး မီးရှို့တာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းပေါ်တာဆွဲတဲ့အလုပ်ကို သူ့လွှဲပေးဖို့နဲ့ စစ်တပ်အလိုရှိသလော​က် ပေါ်တာဆွဲပေးမယ်လို့ ပေါက်ကိုယ်တော်က ပြောဆိုလိုက်ပါတယ်။

သတင်း

မေလအတွင်းမှာ စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို အိမ်ပေါ်အထိတက်ဆွဲတဲ့ ဖြစ်စဉ်တွေ များလာတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်‌ပြပေးနေတဲ့ Rangoon Scout Network-RSN အဖွဲ့ သတင်းတာဝန်ခံကပြောပါတယ်။