Connect with us

Hi, what are you looking for?

သတင်း

(၄)နှစ်အရွယ်ကလေးငယ် နေမကောင်းလို့ စစ်ကောင်စီရဲ့တိုက်နယ်ဆေးရုံသွားပြရာ ဆရာဝန်က ဆေးထိုးပေးလိုက်ပြီး​နောက်သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးခဲ့ရတဲ့ မောင်ဖုန်းမြတ်ရဲ့ နာရေးကို လိုက်ပါပို့ဆောင်နေကြစဉ်။ ဓာတ်ပုံ − Saw Moe Kaung Kin/FB

မတ်-၃၀၊၂၀၂၆/People’s Spring

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ (၄)အရွယ်ကလေးငယ်တစ်ဦး ဝမ်းသွားနေမကောင်းဖြစ်လို့ စစ်ကောင်စီရဲ့ တိုက်နယ်ဆေးရုံသွားရောက်ပြသရာ ဆရာဝန်က ဆေးထိုးလိုက်လို့ ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၂၉ ရက်မှာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာက (၄)နှစ်အရွယ် မောင်းဖုန်းမြတ်ဟာ ဝမ်းသွားပြီး နေမကောင်းတာကြောင့် အဘွားဖြစ်သူက ကလေးငယ်ကိုခေါ်ပြီး စစ်ကောင်စီရဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ​ဒေါက်တာသက်ထူး​အေး​အောင်ရဲ့ ပြင်ပမှာဖွင့်ထားတဲ့ အာယုသုခဆေးခန်းကို သွားရောက်ပြသခဲ့ပါတယ်။

အဲ့ဒီနောက် ဆရာဝန်က ကလေးငယ်ကို စစ်ဆေးပြီးနောက် ဆေးရုံကြီးမှာ ဆေးသွားထိုးဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် တိုက်နယ်ဆေးရုံက အခြားဆရာဝန်တွေက ဆေးထိုးပြီးနောက် အိမ်ပြန်စဉ်လမ်းမှာ ကလေးငယ် သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အကြောင်းက ဆေးခန်းပြတယ်။ ဆေးရုံထဲလွှတ်ပြီးဆေးထိုးခိုင်းတဲ့ပုံစံပါ။ ဆေးရုံရောက်တော့ ဆရာမ တစ်ယောက်က ဆေးထိုးတယ် ကလေးအဖွားက မထိုးဘူးပြောတော့ မထိုးရင် ဆရာပြောလိမ့်မယ်ဆိုပြီးထိုးလိုက်တာ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကလေးငယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အခြားဆရာဝန်တစ်ဦးက “၁၂ အောက်ကလေး ဘယ်ဆရာဝန်မှ ဆေးမထိုးဘူး လေ။ အဲ့မှာထဲက အဲ့ဆရာဝန်က မှားနေပြီ “လို့ ပြောပါတယ်။

ဒေါက်တာသက်ထူး​အေး​အောင်ဟာ ​ဆေးခန်းကိုလာပြတဲ့လူနာ​တွေကို ​အခုလိုပဲ ​သူတာဝန်ခံတာဝန်ယူထားတဲ့ ​ဆေးရုံကိုလွှတ်ပြီး ​ဆေးထိုးခိုင်း​လေ့ရှိတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။ဒါ့အပြင် လူနာတွေကြည့်ရှုရာမှာ ရိုင်းစိုင်းစွားပြောဆိုတာတွေမကြာခဏလုပ်လေ့ရှိသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၃၀ ရက်မှာတော့ သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကလိကျွန်းသုဿန်မှာ မီးသဂြိုလ်ခဲ့ကြပါတယ်။

“ရွာကလူကြီးနည်းနည်းခေါ်ပြီး ဆရာဝန်ဆီသွားပြောပြတော့ဆရာဝန်က အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲကြိုက်သလိုလုပ်ဆိုပြီး ခပ်အေးအေးပဲပြန်ပြောလိုက်ပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ် အခြေစိုက် ခလရ(၃၄၃) တပ်က စစ်မှုထမ်း တပ်သား ၂ဦး လက်နက် ၂လက် ယူလာပြီး အလင်းဝင်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)- အမှတ် (၈၀၀၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ဒီကနေ့ ဧပြီ ၄ရက်မှာ မှတ်တမ်းဓာတ်ပုံနဲ့အတူ အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က လူထုနွေဦးကို ပြောပါတယ်။