Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းစတင် ခေါ်ယူ

စစ်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်းကို ပြန်ထိန်းချုပ်ပြီးနောက် တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ − စစ်ကောင်စီ

ဧပြီ−၁၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်တပ်ကပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာတမြို့နယ်လုံးအနေနဲ့ ဧပြီလအတွက် စစ်မှုထမ်းရန် လူဦး ရေ ၁၅၀၀ စစ်တပ်က တောင်းထားပြီး ကျေးရွာတွေအတွင်းလည်း စစ်မှုထမ်းဖို့ လော်စပီကာတွေနဲ့လိုက်လံ အော်ဟစ် သတိပေးနေတယ်လို့ သိရပါတယ်။

“ရွာထဲကို ဒေသခံ တွေပြန်လာနေဖို့မြူစွယ်နေတာ။ပြန်လာနေတဲ့ အိမ်တွေကိုလည်း အထွက် ကန့်သတ်တာတွေ လုပ်နေတယ်။ပြီးတော့ တပ်စွဲထားတဲ့ စစ်တပ်ကို မိသားစုစာရင်းသွား ပေးရတယ်။စာရင်းတွေ အကုန်စကစဆီမှာရှိနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

‌မတ္တရာမြို့နယ်မှာ ကျေးရွာငယ်တစ်ရွာကို ၅ဦးနဲ့ ကျေးရွာအကြီးဖြစ်ပါက ၁၀ဦးကနေ ၁၅ဦးအထိ စစ်မှုထမ်းဖို့လူ တောင်းထားတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်ကို စစ်တပ်က ပြန်လည်ထိမ်းချုပ်ပြီးနောက် ၂၀၂၅ နိုဝင်ဘာမှာလည်း ကျေးရွာတချို့မှာ ရွာလုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တွေဖွဲ့ခဲ့ပါသေးတယ်။

ယခုတကြိမ်မှာ စစ်တပ်က တမြို့နယ်လုံးကို ထိန်းချုပ်ထားသလို ကျေးရွာအများစုမှာလည်း အထိုင်ချတပ်စွဲထားပြီး အတင်းကြပ်စစ်မှုထမ်းခေါ်ယူဖို့ ကြိုးစားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်ကို မန္တလေး PDFထံကနေ ၂၀၂၅ ဩဂုတ်မှာ စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

(မတ္တရာမြို့နယ်က အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်ရွှေသတ္တုတွင်းလုပ်ငန်းကို ပြန်ထိန်းချုပ်ပြီးနောက် တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ − စစ်ကောင်စီ)

ဆက်စပ်သတင်းများ

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook