Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်အတွင်း စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

ဧပြီ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေကျေးရွာအနီးရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ မွန် ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

ရေးမြို့နယ်အတွင်း ကာလရှည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မတ်လ ၃၀နဲ့ ၃၁ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

မတ်လ ၃၀ရက် အောင်သပြေကျေးရွာအနီး ဗုံးသီး ၁လုံး ကြဲချတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ၁ဦးသေဆုံးကာ မတ်လ ၃၁ရက် ည အောင်သပြေရွာအနီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးသီး ၆လုံး ကြဲချခဲ့ရာ စစ်ကောင်စီ ၄ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုနဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ညီနောင်ဒရုန်းတပ်ပေါင်းစုကို MSRF နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (အမှတ်-၈၀၀၂ တပ်ရင်း)(KBDF)၊ ရေးပြောက်ကျားတပ်ရင်း (အမှတ်-၈၀၀၁ တပ်ရင်း)(YGF) တို့က ဒရုန်းတပ်ဖွဲ့တွေနဲ့ စုစည်းထားတာဖြစ်ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်မှာ MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်း၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁)နဲ့ ရေး‌ပြောက်ကျားတပ် (YGF)အမှတ် (၈၀၀၁) ချေမှုန်းရေးတပ်ခွဲ တို့ ပူး‌ပေါင်းပါဝင်ခဲ့တယ်လိုပ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဟာ ရေးမြို့နယ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့သလို စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်တာ၊ စစ်ကောင်စီ တပ်စွဲရာနေရာတွေကို တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးထိခိုက်ရှိခဲ့ပါတယ်။ စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးထိခိုက်ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook