Connect with us

Hi, what are you looking for?

သတင်း

မန္တလေး အရှေ့မြို့ပတ်လမ်းမှာ အဝတ်အစားမဲ့ အမျိုးသမီးရုပ်အလောင်းတွေ့

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ−၅၊ ၂၀၂၆ ။မေရီ/People’s Spring

မန္တလေးမြို့အရှေ့မြို့ပတ်လမ်းက KTV တစ်ခုအနီးမှာ အဝတ်အစားမပါဘဲ သေဆုံးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၅ ရက် မနက် ၅ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အရှေ့မြို့ပတ်လမ်းပေါ် က KTV နဲ့ ကိုယ်ပိုင်ကျောင်းတစ်ခုရှေ့မှာ အမျိုးသမီးငယ်တစ်ဦး အဝတ်အစားတွေမပါဘဲ သေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“အမျိုးသမီးက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ရဲတွေတော့ ရောက်လာတာတွေ့တယ်”လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါရုပ်အလောင်းနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးပါဘူး။

ရုပ်အလောင်းကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတွေက စစ်ဆေးပြီး လူမှုကူညီရေးအသင်းကားနဲ့ ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ လူနေကျဲပါးပြီး မကြာခဏ လုယက်မှုတွေဖြစ်ပွားလေ့ရှိကြောင်း၊ မနေ့ကပဲ အဆိုပါအခင်းဖြစ်ပွားရာနဲ့မနီးမဝေးက ရဲမွန်တောင်ရပ်ကွက်ထဲမှာ သုံးဘီးယာဥ်တစ်စီး ဓားထိုးလုယက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူသေဆုံးသည်အထိ ဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။