Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ မိုးသက်လေပြင်းကျပြီး သစ်ပင်တွေလဲကျ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး ကားတစ်စီး ပျက်စီး

မန္တလေးတိုင်း၊ ​မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးသက်လေပြင်းကျပြီး သစ်ပင်တွေပြိုလဲခဲ့ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ

​ဧပြီ−၇၊ ၂၀၂၆/People’s Spring

မန္တလေးတိုင်း၊ ​မိတ္ထီလာမြို့မှာ ဒီကနေ့ ဧပြီ ၇ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်းကျပြီး သစ်ပင်အချို့ ပြိုလဲလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီး မော်တော်ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဒီကနေ့ ဧပြီ ၇ရက် ညနေ ၃ နာရီဝန်းကျင်က မိတ္ထီလာမြို့မှာ မိုးရောလေပါသည်းထန်ခဲ့ရာ မြို့ပေါ်ရှိ သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ် လဲကျခဲ့ပြီး လမ်းဘေးရပ်ထားတဲ့ Hijetမော်တော်ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ကြောင်း၊ ကားမှာပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“လေကြမ်းမိုးကြမ်း မိုးသီးတွေပါကျတယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ လေရော မိုးရော မိုးသီးရော ကြောက်စရာကောင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်လဲကျကာ နေအိမ်တစ်လုံးပေါ်ပိမိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေလည်း ပြိုလဲပြီး လမ်းတွေပိတ်နေကြောင်း သိရပါတယ်။

လက်ရှိ လူမှုကူညီရေးအသင်းတွေက လဲကျနေတဲ့ သစ်ပင်တွေကို ဖယ်ရှားရှင်းလင်းနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဆောင်းပါး

“လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀အတွင်းဒီအဆင့်အထိ ပြင်းထန်တဲ့ အယ်လ်နီညိုဖြစ်စဉ်မျိုးမတွေ့ဖူးသေးပါဘူး”ဟုအမေရိကန်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ဇီးခ် ဟောက်စ်ဖက်သာ(Zeke Hausfather)ကသုံးသပ်ထားပါတယ်။

ဆောင်းပါး

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။