Connect with us

Hi, what are you looking for?

သတင်း

ရေဖြူက စစ်တပ်ကာကင်းစခန်း ၂ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က စစ်တပ်ကာကင်းစခန်း ၂ခုကို သိမ်းနိုင်ခဲ့တယ်လို့ သံမဏိလိပ်ပြာတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သံမဏိလိပ်ပြာတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − LLSBF

ဧပြီ-၇၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က စစ်တပ်ကာကင်းစခန်း ၂ခုကို သိမ်းနိုင်ခဲ့တယ်လို့ သံမဏိလိပ်ပြာတပ်ဖွဲ့က ဒီကနေ့ ဧပြီ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစခန်း ၂ခုဟာ ရေဖြူမြို့နယ်ထဲက စစ်တပ်ရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၄၀၆)၊ခမရ(၄၀၇)၊အမြောက်တပ်(၃၀၄)တပ်ရင်းတွေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်လမ်းမပေါ်က ဒေါက်လောက်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကင်းတံတားအနီးမှာရှိတယ်လို့ ဆိုပါတယ်။

အဲဒီကင်းစခန်းတွေကို ဖေဖော်ဝါရီ ၂၅ရက်က စခန်းတွေကို အပြီးသတ်သိမ်းနိုင်ခဲ့ပေမယ့် စစ်ရေးအခြေအနေအရ အခုမှ ထုတ်ပြန်တာလို့ သံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ကျန်တဲ့တပ်ဖွဲ့တွေလည်း မကြာခင်ထုတ်ပြန်ကြမှာပါ။အခြေအနေအမျိုးမျိုးကြောင့် အခုမှ ထုတ်ပြန်တာပါ” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စခန်းတွေ မကျရေးစစ်ကူပေးခဲ့တဲ့ အင်အား ၁၅၀ကျော်ပါ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ချိန်မှာ လက်နက်ကြီးနဲ့ လေယာဥ်ပစ်ကူတွေ ရှိခဲ့တယ်လို့ အသိပေးပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်တပ်က အရာရှိအပါအဝင် ၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်၊ရေဖြူ နဲ့ လောင်းလုံးမြို့နယ်က ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့မှုမှာ ကာကင်းစခန်းတွေ သိမ်းရတဲ့အပြင် လက်နက်၊ခဲယမ်းနဲ့စစ်အသုံးဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ ကာကင်းစခန်းတွေကို ဆက်လက်ထိန်းချုပ်နိုင်ခြင်း ရှိ၊မရှိနဲ့ပတ်သက်ပြီး သံမဏိလိပ်ပြာတပ်ဖွဲ့ က အတည်မပြုနိုင်တာကြောင့် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၂၅ နှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရေဖြူမြို့ကို ယာယီထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းက စစ်တပ်ရဲ့အုပ်ချုပ်ရေး ယန္တရားတွေ ဖြစ်တဲ့အုပ်ချုပ်ရေးရုံးနဲ့ ရဲစခန်းထဲက နေရာတချို့ ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ရေဖြူ ပကဖက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ရားဖူးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က ပြည်သူလူထု နေထိုင်ရာကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တာကြောင့် ခရီးသွားတာတွေ မလုပ်ဖို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေအိမ်ပေါ်တက်ပြီး စစ်ကောင်စီတပ်ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ စစ်မှုထမ်းတပ်သားနှစ်ဦး လက်နက်တွေနဲ့ထွက်ပြေးလွတ်မြောက်လာတယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ရေဖြူမြိုနယ်၊ ဆယ်အိမ်စုကျေးရွာအနီးတွင် သြဂုတ် ၂၈ရက်က သုံးနာရီခန့်ကြာ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကျဆုံးထိခိုက်ရှိခဲ့ဟု ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားသည်။