Connect with us

Hi, what are you looking for?

သတင်း

အဓမ္မဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရေးကမ်ပိန်း လက်ပံတောင်းတောင်ပင်မသပိတ် ပြုလုပ်

လူထုခေါင်းဆောင်၊နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေရေးBlue Shirt ကမ်ပိန်းလှုပ်ရှားမှုကို စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ပင်မသပိတ်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - GSCB

ဧပြီ-၁၅၊၂၀၂၆/People’s Spring

လူထုခေါင်းဆောင်၊နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်စေရေးBlue Shirt ကမ်ပိန်းလှုပ်ရှားမှုကို စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ပင်မသပိတ်က ပြုလုပ်ခဲ့ပါတယ်။

” အာဏာရှင်စနစ်အောက်မှာ “အကျဉ်းထောင်” များထဲက နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုခြင်းဟာ “အကျယ်ထောင်” ထဲက ကျနော်တို့တွေအတွက် လုပ်ကို လုပ်ရမယ့် “တာဝန်” တရပ်ပဲဖြစ်ပါတယ်”လို့ လက်ပံတောင်းတောင်ပင်မသပိတ်က ထုတ်ပြန်ရေးသားထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းကလည်း ဒီလှုပ်ရှားမှုမှာပါဝင်ပြီးစစ်တပ်က အဓမ္မဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ဖို့ ဆုတောင်းပေးထားပါတယ်။

ဒီကမ်ပိန်းကို ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဧပြီ ၁၀ ကနေ ၂၁ ရက်အထိပြုလုပ်နေတာပါ။

ကမ်ပိန်းမှာ ပြည်သူတွေပါဝင်ကြသလို တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အပြာရောင်အင်္ကျီတွေကို ဝတ်ဆင်ပြီး ပါဝင်ခဲ့ကြပါတယ်။

ကမ်ပိန်းမှာပါဝင်သူတွေက လက်သုံးချောင်းထောင်သူတွေရှိသလို တချို့ကလည်း Free All Political Prisoner စာတန်းကိုကိုင်ဆောင်ထားကြပြီး အဲဒီ့လှုပ်ရှားမှုဓာတ်ပုံတွေ ဗီဒီယိုတွေကို လူမှုကွန်ရက်စာမျက်နှာမှာတင်ကာပါဝင်ခဲ့ကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။