Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်​ရေးအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ကျဥ်းဟောင်းတွေစုပေါင်းပြီး နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး ဖွဲ့စည်း

၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေစုပေါင်းပြီး “နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး” ကို ဧပြီ ၁၇ ရက်မှာ အသစ်စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၈၊၂၀၂၆။ဇေအောင်/People’s Spring

၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေစုပေါင်းပြီး “နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး” ကို ဧပြီ ၁၇ ရက်မှာ အသစ်စတင်ဖွဲ့စည်းလိုက်ကြောင်း အဆိုပါအသင်းက သတင်းထုတ်ပြန်ပါတယ်။

​အဆိုပါ အစည်းအရုံးကို ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပြီး အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်ကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက အသိပေးပါတယ်။

​နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးဟာ ထောင်တွင်း ဖိနှိပ်မှုတွေကနေ ကာကွယ်ဖို့နဲ့ အခြေခံကျန်းမာရေး၊ စားဝတ်နေရေးတို့ ပြေလည်စေဖို့ ဆောင်ရွက်ခြင်း၊ တရားဖမ်းဆီးခံထားရသူတွေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ခြင်း၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေကို ကူညီစောင့်ရှောက်ခြင်း၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခြင်းနဲ့ အခွင့်အရေး ချိုးဖောက်သူတွေကို မှတ်တမ်းတင်ထားခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်သွားမယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေတွေကို လူထုအနေနဲ့ရော တခြားသောအင်အားစုတွေအနေနဲ့ကော ပိုပြီးတော့ သိရှိလာနိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးရင် ကျနော်တို့ရဲ့ရဲဘော်တွေ၊ ထောင်ထဲမှာရှိတဲ့ရဲဘော်တွေကော ပြန်ပြီးတော့ လွတ်မြောက်လာတဲ့ ရဲဘော်တွေကော သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကို ပိုပြီးတော့ အားဖြည့်ပေးနိုင်မယ်လို့ ယူဆတယ်။ နောက်တချက်က နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ဖို့အတွက် ကြိုးစားတဲ့နေရာမှာ ပိုပြီးတော့ အားအင်တခုဖြစ်လာနိုင်မယ်လို့ ယူဆပါတယ်။”လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဟာ အကျဉ်းထောင်တွင်း အနိုင်ကျင့်မှုတွေကို ပြည်သူလူထု သိရှိစေဖို့ သတင်းမီဒီယာတွေကနေတဆင့် အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။