Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်က ကျေးရွာတွေ မီးရှို့လုယက်နေတဲ့ စစ်တပ် ကိုတိုက်ခိုက်

မကွေးတိုင်း ၊နတ်မောက်မြို့နယ်က ကျေးရွာတွေမီးရှို့လုယက်နေတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ-၁၉ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း ၊နတ်မောက်မြို့နယ်က ကျေးရွာတွေမီးရှို့လုယက်နေတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်တာဝန်ရှိသူက ပြောပါတယ်။

အင်အား ၂၀၀ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က(ဧပြီ ၁၈ ရက်) နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးစစ်ကြောင်းဟာ မန္တလေးတိုင်း ပျော်ဘွယ် မြို့နယ်ဘက်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုဖြစ်စဥ်တွေအရ နတ်မောက်အရှေ့ခြမ်း ခြမ်းကျီးကန်ရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနက် ၇နာရီ ၄၅မိနစ် ဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုမှာ ၅ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မိုင်းကွင်းထဲမှာ စစ်တပ်အသုံးပြုခဲ့တဲ့ ဆိုင်ကယ် ၁၀စီး ပျက်စီးကျန်ရစ်ခဲ့တာနဲ့သွေးကွက်တွေ အပါအဝင် ဆေးဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းတွေ တွေ့ရတယ်လို့ ဖော်ပြပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်တပ်စစ်ကြောင်းက ကျီးကန် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကာ နေအိမ်တွေ ထပ်မံမီးရှို့ခဲ့ပြီး ကျေးရွာအရှေ့ဘက်ကို နေ့လယ် ၁၂ နာရီ ခွဲဝန်းကျင်က ထွက်လာခဲ့တာကြောင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း စစ်တပ်က ပြင်းထန်ဒဏ်ရာရသူများပြီး ကျည်ပင်ပြန်မဖောက်နိုင်ဘဲ ဖရိုဖရဲဖြင့် ဆုတ်ခွာသွားခဲ့တယ်လို့ စစ်ဦးစီးတပ်က ပြောပါတယ်။

“ညောင်ကုန်းရွာ(ပျော်ဘွယ်မြို့နယ်)ကို ဆုတ်ခွာသွားတာတော့ ယာယီလား အပြီးလားတော့ သုံးသပ်ရခက်ခဲဆဲအခြေအနေပါ။ ပြန်ဝင်လာနိုင်သေးတယ်”လို့ စစ်ဦးစီးတပ်တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းက ရုံးပင်ကွက်၊ ကန်ဦးကုန်းနဲ့ ကျီးကန်ရွာတွေက နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ကား၊ ဆိုင်ကယ်နဲ့ ပစ္စည်းတွေကို ယူဆောင်သွားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်က နတ်မောက်မြို့နယ်အရှေ့ခြမ်းကို မြို့သစ်မြို့နယ် နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ဝန်းကျင်နဲ့ ဧပြီ ၁ ရက်ကစလို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

“အခုဆုတ်သွားတာက နေပြည်တော်က လာတဲ့စစ်ကြောင်းပါ။မြို့သစ်ဘက်က ဝင်တဲ့ စစ်ကြောင်းက နတ်မောက်ထဲ ရှိနေသေးတယ်”နတ်မောက် မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းမှာ မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့နဲ့ နေပြည်တော်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်တွေပါဝင်နေတယ်လို့ သိရပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းကို နယ်မြေစိုးမိုးရေးအတွက် စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်းက မကွေးတိုင်း၊ နတ်မောက်မြို့နဲ့ မြို့သစ်မြို့နယ်တွေမှာ စစ်တပ်ရဲ့အရာရှိအဆင့်တွေအပါအဝင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲအရာရှိ ယာဥ်တန်းတိုက်ခံရပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။

နေပြည်တော်-မကွေး-မန္တလေးတိုင်း သုံးခုဆုံမှတ် သဏ္ဍန်ရှိနေတဲ့ နတ်မောက်မြို့နယ်မှာ စစ်တပ်ရဲ့ ရွာမွန် ပပနတပ်(ပင်မစစ်လက်နက်ပစ္စည်းတပ်)နဲ့ ဒန့်ဒလွန်ပင် ဆက်သွယ်ရေးတပ် အခြေစိုက်ထားပါတယ်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ကြက်တူရွေး ကျေးရွာကို မီးရှို့လို့ ပြန်ဆောက်ထားတဲ့ တဲတွေကို စစ်တပ်က ၁၁ကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook