ဧပြီ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
PDF စစ်ကိုင်းတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအတွက် “စစ်ကိုင်းဆီသို့”မှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီဟု မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြပါတယ်။
ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့နဲ့ တော်လှန်ပြည်သူများအား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
Forward Myanmar အဖွဲ့ အနေနဲ့ ဆီသို့လှမ်းချီ တနင်္သာရီ ကမ်ပိန်း၊ Road to Mandalay-ထိုးစစ်ထောက်ပို့မန်းတိုင်းသို့ကမ်ပိန်းစတဲ့ ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ရဲဘော်တွေဆီသို့ ထောက်ပံ့မှု တွေပြုလုပ်ထားပါတယ်။
လက်ရှိမှာ Rode to Irrawaddy (ဆီသို့လှမ်းချီ တိုင်းဧရာ၀တီ) ကမ်ပိန်း ပြုလုပ်လျက်ရှိပြီး တတပ်တအား ပါဝင်ပေးဖို့ တော်လှန်ပြည်သူတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၇ရက်မှာ နှိုးဆော်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များကို စစ်စည်းကမ်း၊ စစ်ဥပဒေ လိုက်နာသည့် တပ်၊ လက်နက်တပ်ဆင်မှု စနစ်ကျသည့်တပ် ဖြစ်လာစေဖို့ ကာကွယ်ရေးဝန်ကြီးဌာနက လေ့ကျင့် တပ်ဆင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။





















































