Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးမြို့ကို စစ်တပ်လေကြောင်းက ဗုံးကြဲလို့ လမ်းဆောက်လုပ်ရေးလုပ်သား ၉ဦး သေဆုံး

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ဧပြီ-၂၉၊၂၀၂၆။ဆလိုင်းမာန်/People’s Spring

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ လမ်းတံတားပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သား၉ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။။

ဒီနေ့ဧပြီ ၂၉ရက်မနက် ၁၀နာရီခန့်မှာ ကျင်းဒွေးမြို့အနီးက ချောင်းကူတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာတစ်ခုကို စစ်တက်ကလေယာဉ်နဲ့ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

” ဆောက်လုပ်ရေးလုပ်သားတွေ ကိုးဦးသေဆုံးသွားတယ်။ဒဏ်ရာတွေက ဆိုးဆိုး ရွားရွားရပြီးသေဆုံးကြတာပါ။ ရုပ်ပျက်ဆင်းပျက်အခြေနေပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနက် ၁၀နာရီခန့်မှာ စစ်တပါက လေယာဉ် ၂စီးနဲ့ ပေါင်၃၀၀ ဗုံး ၂လုံးကြဲလို့ အမျိုးသမီးတစ်ဦး၊ အမျိုးသားခုနစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရရှိထားတဲ့အခြေအနေအရ သေဆုံးသူ တစ်ဦးတိုးလာတာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိနေပြီး ဖလမ်းမြို့ကိုလည်း ပြန်လည်ထိန်းချုပ်ထားပါတယ်။

ချင်းကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။လေကြောင်းသတိပေးချက်တွေ နားစွင့်ပြီး ဗုံးခိုကျင်းတွေမဖြစ်မနေတူးထားကြဖို့လည်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနကထုတ်ပြန်ထားပါတယ်။

ကျင်ဒွေးမြို့ဟာ ကန်ပက်လက်မြို့နယ်မှာရှိပြီး ချင်းကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တွေက ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ ဧပြီ ၂၉ရက်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့စဉ်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ဒအာရက္ခတပ်တော်(AA)ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။