Connect with us

Hi, what are you looking for?

သတင်း

ဖလမ်း – ရိဒ်ခေါ်ဒါရ်လမ်းပိုင်းက ခေါပွီချိပ်ရွာကို စစ်တပ်ဗုံးကြဲလို့ ကလေးငယ်တွေအပါအဝင် ၆ဦးသေဆုံး

ဖလမ်း – ဟားခါးကြားမှာလည်း စစ်တပ်ရဲ့ဒရုန်းကြောင့် မိန်းကလေးငယ် တစ်ဦးသေဆုံး

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Voice of Chinland - VOC

မေ ၁၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းနဲ့ ရိဒ်ခေါ်ဒါမြို့ကြားက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၁ရက်မွန်းလွဲပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၆ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်တပ်ဟာဖလမ်းမြို့ ပြန်ရဖို့ ထိုးစစ်ဆင်နေချိန် ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက ဖလမ်းမြို့နယ်က ကျေးရွာတွေကို မကြာခဏ လေကြောင်းတိုက်ခိုက်လျက်ရှိရာ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ ခေါပွီချိပ်ရွာကို ထပ်မံ ဗုံးကြဲလာတာလို့ ဆိုပါတယ်။

” အဲဒီဘက် တိုက်ပွဲမရှိဘူး။ လူဦး ၁ဦး၊ ကလေး ၅ဦး သေဆုံးတယ်လို့ သိရတယ်။ “ လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ခေါပွီချိပ်ရွာက ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ဦးခန့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဗုံးကြဲခံရတဲ့ ကျေးရွာဟာ အိမ်ခြေ ၃၀ခန့်သာရှိပြိး တော်လှန်ရေးတပ်တွေရှိတဲ့ နေရာမဟုတ်သလို မြေပြင်တိုက်ပွဲဖြစ်ပွားနေတာလည်းမရှိဘူးလို့ အသိပေးပါတယ်။ဒါ့အပြင် မနေ့ကလည်း ဖလမ်းမြို့နယ် တလန်ရွန်ရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ (၁၇)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဒရုန်းဗုံးသီးကြောင့် မိန်းကလေးငယ်သေဆုံးခဲ့တဲ့ ကျေးရွာအနီးဝန်းကျင်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ အဓိကတော့ ဟားခါးနဲ့ဖလမ်းလမ်းကြားတွေမှာ ဖလမ်းဘက်က သွားမယ်ဆို ၁၀မိုင်အကွာအဝေး ပတ်ဝန်းကျင် ဟားခါးနဲ့ဖလမ်း ကြား အဲဒီမှာ တိုက်ပွဲတွေ ဖြစ်နေဆဲ အခြေအနေမျာရှိတယ်။ သူတို့ ကားတွေ အဲဒီဘက်ကို စစ်ကြောင်းတွေ ပြန်ထိုးတဲ့အခါ တိုက်ပွဲဖြစ်နေပါတယ်။ အနီးအနားမှာရှိတဲ့ရွာတွေကိုလည်း သူတို့ မီးရှို့တယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်တပ်ဟာ ဧပြီ နောက်ဆုံးပတ်မှာ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဖလမ်း-ဟားခါးလမ်းကို ထပ်မံ ထိန်းချုပ်လိုတာကြောင့် မြေပြင်ထိုးစစ်ဆင်နေတာပါ။ စစ်တပ်ထိုးစစ်ကို ချင်းတော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook