Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်ဘေးက “Proof of Life” လှုပ်ရှားမှု

ဧပြီ ၂၊ ၂၀၂၆ People’s Spring

မတရားဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့ သက်သေပြဖို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီနဲ့ ပြည်သူတွေ ပူးပေါင်းပြီး Proof of Life” လှုပ်ရှားမှုပြုလုပ်တောင်းဆိုခဲ့ကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊အသက်အန္တရာယ် အတွက် ကျနော်တို့ပြည်သူတွေ စိုးရိမ်မိပါတယ်။ စစ်အုပ်စုမှ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ဘယ်ကာလက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတချို့ထုက်ပြသော်လည်း ဒါဟာ တိကျခိုင်လုံတဲ့ သက်သေမဟုတ်ပါ။ ကျနော်တို့ လိုချင်တာသည် ဓာတ်ပုံမဟုက်၊ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေသာဖြစ်သည်။”လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက တောင်းဆိုထားပါတယ်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန် မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။