Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၃)နဲ့ (၄)နယ်မြေကို စစ်တပ်ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် အရပ်သား ၆ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးတာထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

(KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်မြို့ကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပျက်စီးမှုတွေ။ ဓာတ်ပုံ - KNU)

မေ-၄၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်နဲ့ တပ်မဟာ(၄)နယ်မြေ မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူတွေထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေပျက်စီးတာထပ်မံ ဖြစ်ပေါ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။

လယ်ဒိုမြို့နယ် ကြိတ်ကွင်းကျေးရွာကို မေလ ၂ရက်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်ပျက်စီးမှုရှိခဲ့ပါတယ်။ မေလ ၁ရက်မှာလည်း လိန်ပင်ဝိုင်းရွာကို စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသမီး ၂ဦး အပါအဝင် အရပ်သား ၃ဦး ဒဏ်ရာရခဲ့ပါတယ်။

ဧပြီ ၂၉ရက်ကလည်း စစ်တပ်က ကဝေါ်မူဒဲရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုနေအိမ် ၁၀လုံးပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၄)နယ်မြေ တနင်္သာရီမြို့နယ် မောတောင်မြို့ကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ကလေးငယ်အပါအဝင် အရပ်သား ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မေလ (၂)ရက် မှာ ဗုံးကြဲခဲ့လို့ ၂လသားအရွယ် ကလေးငယ်ပါ ဒဏ်ရာရခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီအတွင်းမှာလည်း စစ်တပ်ဟာ မောတောင်မြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသေးတယ်။မောတောင်ဟာ မြန်မာ-ထိုင်းနယ်စပ်ကမြို့ဖြစ်ပြီး ၂၀၂၅ နိုဝင်ဘာမှာ KNU ပူးပေါင်းတပ်က သိမ်းပိုက်ထားတာပါ။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေပေမယ့် ပကတိမြေပြင်တွင်မူ အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိကြောင်း KNUက ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခြင်းထက်ပိုသော လက်တွေ့ကျတဲ့ အရေးယူမင ချက်ချင်း အကောင်အထည်ဖော်ဖို့ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေဖို့ ထိရောက်တဲ့ တားဆီးကာကွယ်မှုများကို လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်အုပ်စုရဲ့ ထင်ရှားတဲ့ ဥပဒေချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်၍ နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက်မှုများ ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေဖို့အားပေးကူညီရာရောက်ကြောင်းလည်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်ဗုံးကြဲတာ​ကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်​ပေးဖို့ကြိုးပမ်းခဲ့ရင်း​သေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအ​ပေါင်းကို ဝမ်းနည်း​ကြေကွဲ​စေပါတယ် ။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။