မေ-၄၊၂၀၂၆။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို မေ ၃ရက်က ပြုလုပ်ခဲ့ပါတယ်။
အညာမြေမှ စစ်ရှောင်ပြည်သူတွေက “အမေစုကို ဓာတ်ပုံမဟုတ်ဘဲနဲ့ အသံတွေ အရုပ်တွေ လှုပ်ရှားမှုတွေနဲ့ သက်သေပြပေးပါ” ၊ “အမေစုကို သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးပါ” လို့ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ရှောင်ပြည်သူတွေက “အမေစု ကျန်းမာပါစေ”လို့ ကြွေးကြော်ကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာ ရှိနေစေဖို့လည်း ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

Public Service Announcement
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်းသက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့ စစ်ကိုင်းက စစ်ရှောင် တွေ တောင်းဆို မေ-၄၊၂၀၂၆။ သုည/People's…
Posted by People's Spring on Monday 4 May 2026
ရုပ်သံ – Maung Kaung Facebook


















































