Connect with us

Hi, what are you looking for?

သတင်း

ထိုင်းကို တရားမဝင်နယ်စပ်ကသွားတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

မေ-၁၀၊၂၀၂၆။ကိုရှမ်းလေး/People’s Spring

ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။

မေလ ၈ရက်က တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်ကနေ နယ်စပ်ဖြတ်ကျော်လက်မှတ်(Border Pass)တွေကိုင်ဆောင်ပြီး အိမ်ကားစီးကား ၁၀စီးနဲ့ဝင်ရောက်လာတဲ့ မြန်မာ ၁၄၅ဦးကို နယ်ကျော်ဖြတ်ဝင်ရောက်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

Border Passကိုင်ဆောင်သူတွေဟာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းသာ သွားလာခွင့်ရှိတာကြောင့် ၎င်းတို့ကို တရားမဝင်ဝင်ရောက်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံ၊ ဖရုမ်ဖီယမ်မြို့နယ် အမြန်လမ်းပေါ်မှာ ကား ၁၀စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၁၀၀ကျော်ဟာ အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။

မြန်မာလုပ်သား ၁၁၀တင်ဆောင်လာတဲ့ ကားတွေဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုမခံယူဘဲ တောတွင်းတနေရာမောင်းပြေးရာ မလွတ်မြောက်ခဲ့ပဲ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ မြန်မာတွေဟာလည်း မယ်ဆိုင်နယ်စပ်ကနေ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ပထမပတ်ကလည်း ထိုင်းနိုင်ငံ၊ ရတ်ဘူရီခရိုင်ရဲ့ အဝေးပြေးလမ်းမမှာ အလုံပိတ်ကားအတွင်း တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၂၆ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖမ်းဆီးမှုခံခဲ့ရပါတယ်။ပွဲစားတွေက မြန်မာလုပ်သား ၂၆ဦးကို ကားအတွင်းအလုံပိတ်ပြီး ပန်ကာတွေတပ်ဆင် ပိတ်လှောင်သယ်လာတာ ဖြစ်ပါတယ်။

ထိုင်းကို တရားမဝင်နယ်စပ်ကသွားတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ မေ-၁၀၊၂၀၂၆။ကိုရှမ်းလေး/People's…

Posted by People's Spring on Sunday 10 May 2026

မေလ ၆ရက်မှာလည်း တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၁၉ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦးဟာ မဲဆောက်မြို့ကို ဝင်ရောက်လာစဉ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံရတာ ဖြစ်ပါတယ်။

လက်တလော ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေက နယ်စပ်ဝင်ပေါက်တွေကို ပိတ်ဆို့စစ်ဆေးနေလို့ မြန်မာတွေ အခုလိုဆက်တိုက်ဖမ်းဆီးခံနေရတာလို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုဟာ အိမ်နီးခြင်းထိုင်းနိုင်ငံကို နယ်စပ်ပေါက်ကနေ သွားရောက်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

Facebook