Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ တစ်ရက်တည်း လူ ၁၅၀နီးပါး ပေါ်တာဆွဲခံရ

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းမြို့အဝင်တွင် စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-စကစ)

မေ ၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက်က စစ်ကိုင်းမြို့ပေါ်မှာ စစ်တပ်က လိုက်လံ ပေါ်တာဆွဲခဲ့ရာ တစ်ရက်တည်း လူတစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

“အကုန်ပတ်ဆွဲနေတာ။ မြို့ထဲတွေ။ တစ်ပတ်လောက်တောင် ရှိနေပြီ”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ စစ်ကိုင်းမြို့ပေါ်နေရာတွေဖြစ်တဲ့ မြို့မဈေးထောင့်၊ မြောက်ဘော်ဂါကျောက်ဝိုင်း၊ နန္ဒဝန်ရပ်၊ ပန်းဘဲတန်းရပ်၊ မင်းလမ်းရပ်၊ တကောင်းရပ်၊ စိန်ကုန်းရပ်၊ မြစ်ဆိပ်နဲ့ ကိုးပေတံတားစတဲ့နေရာတွေမှာ ပေါ်တာပတ်ဆွဲခဲ့တာဖြစ်ပြီး လူပေါင်း ၁၅၀ နီးပါး အဆွဲခံရတယ်လို့ စစ်ကိုင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပေါ်တာဆွဲခံလိုက်ရတဲ့ သူတွေထဲက စစ်ကိုင်းတိုင်းဒေသခံကလွဲလို့ အခြားဒေသခံတွေဆိုရင် ကျပ်သိန်း ၂၀၀နဲ့ ပြန်ရွေးခိုင်းတယ်လို့ တဲ့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“၅/ တွေဆို ငွေနဲ့ ရွေးလို့မရပေမဲ့ ကျန်တဲ့မျဥ်းစောင်းတွေနဲ့ ခရီးသွားတွေဆို ကျပ်သိန်း ၂၀၀ နဲ့ ရွေးပြီးမှ ပြန်လွှတ်ပေးတာလို့ စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးထံမှ သိရပါတယ်။”လို့ Ground Press အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းမြို့ရဲ့တဘက်ကမ်း မန္တလေးမြို့ဘက်ခြမ်းတွေမှာလည်း စစ်တပ်က ပေါ်တာဆွဲနေပြီး လူမှုကူညီရေးအသင်းဝင်တွေကအစ ပေါ်တာဆွဲခံနေရတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်မှုထမ်းအပတ်စဥ် (၂၄)ကို စတင်နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇူလိုင် ၂၂ ရက်ညက သားဖြစ်သူအလုပ်မှအပြန်ပေါ်တာဆွဲခံရတာကြောင့် ဖခင်ဖြစ်သူကတညင်းကုန်းမှာရှိတဲ့စစ်သားစုဆောင်းရေးတပ်ကို သွားရောက်စုံစမ်းမေးမြန်းခဲ့ရာ ဖခင်ကိုပါ စစ်တပ်ကထပ်မံဖမ်းဆီးလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။