Connect with us

Hi, what are you looking for?

သတင်း

ခလရ(၂၂၄)တပ်ရင်းက တပ်သား ၂ဦး KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

(အလင်းဝင်လာတဲ့ ခလရ(၂၂၄)တပ်ရင်းက တပ်သား ၂ဦး။ ဓာတ်ပုံ - KNU-MTD)

မေ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ ခလရ(၂၂၄)တပ်ရင်းက တပ်သား ၂ဦးဟာ ဧပြီ ၂၄ရက်မှာ လက်နက်မဲ့ ဘက်ပြောင်းခိုလှုံလာတာလို့ အသိပေးပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်သားတွေ အနေနဲ့ လက်နက်နဲ့ ဖြစ်စေ လက်နက်မဲ့ဖြစ်စေ KNLAထံ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လအတွင်းကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁) တပ်ရင်းက တပ်သား ၂ဦးဟာ KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။ လက်နက်ယူလာပြီး အလင်းဝင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ ခမရ(၅၆၁)တပ်ရင်းက PDF တပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်တဲ့ တပ်သား ၂၀ဦးကျော်ရှိပြီး အရာရှိအချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

“နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်၏ စကခ (၁၃) လက်အောက်ခံ ခမရ (၅၆၁) မှ အရာရှိအပါအဝင် ရဲဘော်များ (၂၀) ကျော်ခန့်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများထံ လာရောက်အလင်းဝင်ခဲ့ပြီဖြစ်ပြီး အလင်းဝင်သူများ၏ပြောဆိုချက်အရ အကြမ်းဖက်စစ်ကော်မရှင်၏ ပြည်သူလူထုအပေါ် မတရားဖမ်းဆီးသတ်ဖြတ်မှုများ၊ အောက်ခြေရဲဘော်များအပေါ် ခွဲခြားဖိနှိပ်အနိုင်ကျင့်ခြင်းများရှိနေ၍ PDF တပ်ရင်းများထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်” လို့ မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။

တနင်္သာရီမြို့နယ်မှာ တော်လှန်ရေးတပ်တွေဟာ စစ်တပ်ကို မကြာခဏ တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိလို့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

စစ်တပ်ကလည်း တနင်္သာရီမြို့နယ်အတွင်း ဆုံးရှုံးထားတဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်လျက်ရှိပါတယ်။

KNLA/PDF ပူးပေါင်းတပ်က ၂၀၂၅ နိုဝင်ဘာမှာ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တနင်္သာရီမြို့နယ် မောတောင် နယ်စပ်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဗုံးကြဲမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိရာ မေလ ၂ရက်ညပိုင်းမှာလည်း မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း ပကိတိမြေပြင်တွင်မှု အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိဟု KNUက ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ ဖော်ပြထားပါတယ်။

စစ်တပ်လုပ်ရပ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွေ့ကျတဲ့ အရေးယူမှုတွေ ချက်ချင်းဖော်ဆောင်ရန်လိုအပ်ကြောင်းလည်း KNUက တိုက်တွန်းထားပြီး စစ်တပ်ရဲ့ ဥပဒချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက် နှုတ်ဆိတ်နေတာဟာ အကြမ်းဖက်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာစေဖို့ အားပေးကူညီရာရောက်တယ်လို့လည်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်