Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ဦးတည်လာတဲ့ စစ်တပ် လမ်းတဝက်မှာ တပ်စွဲထား၊ မြို့ကို လေကြောင်းက ဗုံးကြဲနေ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းတဝက်မှာ တပ်စွဲထားသလို ဒီကနေ့ မေလ ၂၁ရက်မှာ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းတဝက်မှာ တပ်စွဲထားသလို ဒီကနေ့ မေလ ၂၁ရက်မှာ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်တပ်ဟာ ချင်း-မကွေးအစပ်က ဆောမြို့နယ်ကို အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ကန်ပက်လက်မြို့ကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဆောနဲ့ ကန်ပက်လက်မြို့နယ်အကြား (၆)မိုင်နေရာမှာ ရောက်ရှိပြီး စစ်ရေးလှုပ်ရှားမှု ငြိမ်နေတာလို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာလည်း ကန်ပက်လက်မြို့ကို ဒီမနက် ၆နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဆောမြို့နယ် ကျောက်ထုဒေသရောက် စစ်တပ်တွေအတွက် ဒီမနက်မှာ Y12နဲ့ ရိက္ခာထုပ်တွေ ချပေးတာရှိတယ်လို့လည်း ဒေသခံက အသိပေးထားပါတယ်။

မေလ ၂၀ရက်ကလည်း ကျောက်ထုအရှေ့ခြမ်းကို လေကြောင်းက ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်ဟာ မေလအတွင်းမှာ ချင်းတောင်ပိုင်းက မြို့တွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်ခဲ့သလို ဆောမြို့နယ်အတွင်းကိုလည်း လေကြောင်း တိုက်ခိုက်တာ စစ်အင်အားတွေ ဆက်လက်ဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

Facebook