Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ဦးတည်လာတဲ့ စစ်တပ် လမ်းတဝက်မှာ တပ်စွဲထား၊ မြို့ကို လေကြောင်းက ဗုံးကြဲနေ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းတဝက်မှာ တပ်စွဲထားသလို ဒီကနေ့ မေလ ၂၁ရက်မှာ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

(အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ-၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ လမ်းတဝက်မှာ တပ်စွဲထားသလို ဒီကနေ့ မေလ ၂၁ရက်မှာ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်တပ်ဟာ ချင်း-မကွေးအစပ်က ဆောမြို့နယ်ကို အင်အားအလုံးအရင်းဖြည့်တင်းပြီးနောက် မေလ ၁၈ရက်မှာ ကန်ပက်လက်မြို့ကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ ဆောနဲ့ ကန်ပက်လက်မြို့နယ်အကြား (၆)မိုင်နေရာမှာ ရောက်ရှိပြီး စစ်ရေးလှုပ်ရှားမှု ငြိမ်နေတာလို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာလည်း ကန်ပက်လက်မြို့ကို ဒီမနက် ၆နာရီလောက်မှာ တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးသီး ၄လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဆောမြို့နယ် ကျောက်ထုဒေသရောက် စစ်တပ်တွေအတွက် ဒီမနက်မှာ Y12နဲ့ ရိက္ခာထုပ်တွေ ချပေးတာရှိတယ်လို့လည်း ဒေသခံက အသိပေးထားပါတယ်။

မေလ ၂၀ရက်ကလည်း ကျောက်ထုအရှေ့ခြမ်းကို လေကြောင်းက ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်တပ်ဟာ မေလအတွင်းမှာ ချင်းတောင်ပိုင်းက မြို့တွေဖြစ်တဲ့ မင်းတပ်၊ ကန်ပက်လက်နဲ့ မတူပီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်ခဲ့သလို ဆောမြို့နယ်အတွင်းကိုလည်း လေကြောင်း တိုက်ခိုက်တာ စစ်အင်အားတွေ ဆက်လက်ဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ၀င်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်း အသေခံဒရုန်းတွေနဲ့ တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။