Connect with us

Hi, what are you looking for?

သတင်း

မေလနှောင်းပိုင်း ​ဒေသ ၁၀ ခုမှာမိုးကြီးနိုင်​ပြီးရေဘေးကြုံနိုင်ဟုNUGသတိပေး

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

(စစ်တပ်စစ်​ကြောင်းအန္တရာယ်​ကြောင့် ​ဘေးလွတ်မယ်ထင်ရာထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ ရခိုင်ပြည်နယ်က စစ်​ရှောင်ပြည်သူ​တွေ။ရခိုင်ပြည်နယ်မှာ​မေလကုန်ပိုင်းမှာမိုးကြီးပြီး ​ရေကြီးနိုင်ပါတယ်။ ဓါတ်ပုံ-​ဒေသခံ )

​မေ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မေလ(၂၈)နဲ့ (၂၉) ရက်နေ့မှာလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်တာဖြစ်ပြီးမြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင် မုတ်သုံလေသည်အားအလွန် ကောင်းနေတယ်လို့ သတိပေးထားပါတယ်။

မေလကုန်အထိမြန်မာနိုင်ငံဒေသအများစုမှာမိုးရွာနိုင်ပြီးပဲခူးတိုင်းအရှေ့ပိုင်း၊တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ ချင်းပြည်နယ်၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ NUG ကသတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ မိုးလေဝသလေ့လာရေးကွန်ပြူတာမော်ဒယ်တွေဖြစ်တဲ့ ECMWF နဲ့ CONက ဇွန်လ ၂ ရက်အထိ ခန့်မှန်းချက်မှာလည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဖြစ်တဲ့တနင်္သာရီတိုင်း၊ ကရင် နဲ့ မွန်ပြည်နယ်၊ ပဲခူး၊ ဧရာဝတီ၊ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မေလလယ်စပြီး မိုးကြီးမှုတွေကြောင့် စစ်ကိုင်း၊မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့လို စစ်ဘေးရှောင်တွေအများအပြားရှိနေတဲ့ဒေသတွေမှာ စားဝတ်နေရေးအခက်အခဲတွေကြုံတွေ့နေရပါတယ်။

“မိုးကမပြတ်တဲ့အတွက်အခက်အခဲတွေကပိုဆိုးလာတယ်။ထောက်ပံ့ဖို့ကိုမမီနိုင်ဘူးဖြစ်နေတယ်”လို့ ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာနေသူတစ်ဦးကပြောပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့်နေရာကွက်၍မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ ဖြစ်ပေါ်နိုင်လို့ အထူးသတိပြု နေထိုင်ကြဖို့ MOSLHAကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၁၀ရက်ကနေ မေလလယ်အထိမှာလည်း ဘင်္ဂလားပင်လယ်အော်မှာလေဖိအားနည်းရပ်ဝန်းဖြစ်ခဲ့ပြီးဒေသအများစုမှာ မိုးကောင်းခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်းတယနဲ့တောင်ကြီးမြို့မှာ မိုးကြီးပြီး နေရာအချို့ မြေပြိုကျခဲ့ပါတယ်။

စစ်တပ်ကအခုလပိုင်းအတွင်း ​တော်လှန်​ရေးအား​ကောင်းတဲ့​ဒေသ​တွေကိုအင်အားအများအပြားနဲ့စစ်​ကြောင်း​တွေထိုး​နေတာ​ကြောင့် စစ်​တပ်ရန်​ကြောင့်ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ပြည်သူနိုင်ငံတစ်ဝန်းတိုး​လာ​နေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။