Connect with us

Hi, what are you looking for?

သတင်း

မေလအတွင်းမန္တလေးမှာပေါ်တာဆွဲမှုခပ်စိပ်စိပ်ဖြစ်လာ

အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မန္တလေးမြို့မှာလူငယ်လူရွယ်တွေစစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာလက်ရှိမေလအတွင်း ခပ်စိပ်စိပ်ပြန်ဖြစ်လာပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူအချို့ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - တယ်လီဂရမ်ချန်နယ်

မေ – ၂၆ ၊၂၀၂၆ /People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မန္တလေးမြို့မှာလူငယ်လူရွယ်တွေစစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာလက်ရှိမေလအတွင်း ခပ်စိပ်စိပ်ပြန်ဖြစ်လာပါတယ်။

ပေါ်တာဆွဲမှုတွေဟာချမ်းမြေသာစံ၊အောင်မြေသာစံ၊အမရပူရမြို့နယ်တွေမှာဖြစ်ပွားခဲ့တာလို့မြို့ခံ အချို့ဆီကသိရပါတယ်။

မေလ ၄ ရက်ကညပိုင်းကချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်မှာ အသက်၂၀အရွယ်အမျိုးသားလူငယ်နှစ်ဦး၊မေ ၁၄ ရက်မှာအမရပူရမြို့ နယ်၊တောင်မြို့၊ညောင်ပင်ရပ်မှာလူငယ်လေးဦး၊မေလ ၁၅ ရက်မှာတော့ အောင်မြေသာစံမြို့နယ်၊ညောင်ကွဲအုပ်စု ၊အောင်ပြည်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး ၊ မေလ ၁၆ရက်မှာအောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ကအသက် ၃၀ အရွယ်လူငယ်တစ်ဦးတို့ ပေါ်တာဆွဲခံရတာပါ။

Public Service Announcement

Public Service Announcement

မေလ ဒုတိယပတ်အတွင်းကလည်း မဟာအောင်မြေမြို့နယ် မှာ အသက် ၁၉ နှစ်အရွ​ယ်လူငယ်တစ်ဦး ပေါ်တာဆွဲခံရတယ်လို့ မဟာအောင်မြေနယ်ခံအမျိုးသမီးက ပြောပါတယ်။

“ကျမတို့ ရပ်ကွက်က ကလေးတစ်ယောက်လည်း အလုပ်ကပြန်လာတုန်း ဖမ်းခံရတာ ၊အခုသတင်းမရဘူးဖြစ်နေတယ် “ လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

မန္တလေးမှာပေါ်တာဆွဲခံရသူအချို့ကိုဆိုရင် စစ်တပ်လက်ဝေခံပျုစောထီးတွေကငွေကျပ်ရာဂဏန်းနဲ့ မိသားစုကိုပြန်ရွေးခိုင်းတဲ့ပြန်ပေးဆွဲတဲ့ပုံစံမျိုးလည်း ဖြစ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်မန္တလေးပျုစောထီးခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူပေါက်ကိုယ်တော်ကမန္တလေးမှာပြုလုပ်တဲ့ဇာတ်ပွဲတွေမှာ အရွယ် ကောင်းလူငယ်လူရွယ်တွေကို ပေါ်တာဆွဲပေးရမလားဆိုပြီးသူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြောခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။