Connect with us

Hi, what are you looking for?

သတင်း

မေလအတွင်းမန္တလေးမှာပေါ်တာဆွဲမှုခပ်စိပ်စိပ်ဖြစ်လာ

အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မန္တလေးမြို့မှာလူငယ်လူရွယ်တွေစစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာလက်ရှိမေလအတွင်း ခပ်စိပ်စိပ်ပြန်ဖြစ်လာပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူအချို့ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - တယ်လီဂရမ်ချန်နယ်

မေ – ၂၆ ၊၂၀၂၆ /People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့မန္တလေးမြို့မှာလူငယ်လူရွယ်တွေစစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရတာလက်ရှိမေလအတွင်း ခပ်စိပ်စိပ်ပြန်ဖြစ်လာပါတယ်။

ပေါ်တာဆွဲမှုတွေဟာချမ်းမြေသာစံ၊အောင်မြေသာစံ၊အမရပူရမြို့နယ်တွေမှာဖြစ်ပွားခဲ့တာလို့မြို့ခံ အချို့ဆီကသိရပါတယ်။

မေလ ၄ ရက်ကညပိုင်းကချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်မှာ အသက်၂၀အရွယ်အမျိုးသားလူငယ်နှစ်ဦး၊မေ ၁၄ ရက်မှာအမရပူရမြို့ နယ်၊တောင်မြို့၊ညောင်ပင်ရပ်မှာလူငယ်လေးဦး၊မေလ ၁၅ ရက်မှာတော့ အောင်မြေသာစံမြို့နယ်၊ညောင်ကွဲအုပ်စု ၊အောင်ပြည်သာရပ်ကွက်က အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး ၊ မေလ ၁၆ရက်မှာအောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်ကအသက် ၃၀ အရွယ်လူငယ်တစ်ဦးတို့ ပေါ်တာဆွဲခံရတာပါ။

Public Service Announcement

Public Service Announcement

မေလ ဒုတိယပတ်အတွင်းကလည်း မဟာအောင်မြေမြို့နယ် မှာ အသက် ၁၉ နှစ်အရွ​ယ်လူငယ်တစ်ဦး ပေါ်တာဆွဲခံရတယ်လို့ မဟာအောင်မြေနယ်ခံအမျိုးသမီးက ပြောပါတယ်။

“ကျမတို့ ရပ်ကွက်က ကလေးတစ်ယောက်လည်း အလုပ်ကပြန်လာတုန်း ဖမ်းခံရတာ ၊အခုသတင်းမရဘူးဖြစ်နေတယ် “ လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

မန္တလေးမှာပေါ်တာဆွဲခံရသူအချို့ကိုဆိုရင် စစ်တပ်လက်ဝေခံပျုစောထီးတွေကငွေကျပ်ရာဂဏန်းနဲ့ မိသားစုကိုပြန်ရွေးခိုင်းတဲ့ပြန်ပေးဆွဲတဲ့ပုံစံမျိုးလည်း ဖြစ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်မန္တလေးပျုစောထီးခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူပေါက်ကိုယ်တော်ကမန္တလေးမှာပြုလုပ်တဲ့ဇာတ်ပွဲတွေမှာ အရွယ် ကောင်းလူငယ်လူရွယ်တွေကို ပေါ်တာဆွဲပေးရမလားဆိုပြီးသူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြောခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။