Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးနေတဲ့ စစ်သားတချို့ တော်လှန်ရေးတပ်တွေ ဖမ်းမိ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မေ -၂၉၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က တပ်သားတချို့ကို ဖမ်းမိထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မင်းတုန်းမြို့အနောက်ခြမ်းက ပြောင်းကျေးရွာရောက်နေတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား ၂ဦး ထွက် ပြေးလာရင်း ဖမ်းမိတာလို့ ဆိုပါတယ်။

“အခု ရက်ပိုင်းထဲမှာပဲ မိတာ။လက်နက် ပါ၊မပါ တော့ အသေးစိတ် မသိရသေးဘူး”လို့ မင်းတုန်းမြို့နယ်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သားတချို့ဖမ်းမိမှုမှာ မှန်ကန်တယ်လို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူကလည်း အတည်ပြုပါတယ်။

“ကြားပါတယ်ဗျ။ သက်ဆိုင်ရာတပ်တွေ မထုတ်ပြန်သေးတော့ ကျနော်တို့ ဖြေလို့မရလို့ပါ”လို့ သူက ပြောပါတယ်။

အခု မေ ၂၂ ရက်ကစပြီး သရက်မြို့နယ်ကတဆင့် မင်းတုန်းမြို့ကို စစ်တပ်စစ်ကြောင်း၀င်ရောက်ပြီးနောက် မြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ကနဦး ၀င်ရောက်ခဲ့ကာလက်ရှိမှာရခိုင်ရိုးမ တောင်ခြေအထိ တပ်ဖြန့်ထားပါတယ်။

သရက်မြို့နယ်အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း၊အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၂)၊မကွေးမြို့နယ်အခြေစိုက် တပ်မ(၈၈)နဲ့ ပြည်မြို့အခြေစိုက် တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းတွေနဲ့ ရခိုင်ရိုးမ အခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် တာ၀န်ရှိသူက အသိပေးထားပါတယ်။

ရခိုင်ရိုးမတဝိုက် မင်းတုန်းမြို့နယ်ကျေးရွာဒေသခံတွေကို ဆန်အပါအဝင် စားနပ်ရိက္ခာသယ်ယူခွင့် မပြုတာ နဲ့ ကျေးရွာဝင်ထွက်ခွင့်ကို စစ်တပ်က ကန့်သတ်ထားပါတယ်။

စစ်တပ်ဟာ မင်းတုန်းမြို့နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ နေရာတွေကို ပြန်လည်စိုးမိုးထိန်းချုပ်ရေးနဲ့ ရခိုင်ရိုးမနဲ့ ဆက်နေတဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်း စစ်ရေးတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

မင်းတုန်းမြို့နယ်ရဲ့အနောက်ဘက်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA) က ၂၀၂၄ နိုဝင်ဘာကတည်းမှာ သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ရိုးမပေါ်တက်မယ့် မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မင်းတုန်းမြို့နယ်စစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။