မေ-၃၀၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်
မေလ ၃၀ရက် ည ၁၂ နာရီလောက်မှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဦးဝိစာရလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ပလုံကောက်တဲ့ အမျိုးသမီးသေဆုံးသွားခဲ့တာပါ။
သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ဒဏ်ရာရတဲ့ ကလေးကို မြောက်ဥက္ကလာပဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီးရဲ့ အလောင်းကို ဆေးရုံကနေ ကျီစုသုဿန်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
ယာဉ်တိုက်မှုဖြစ်တဲ့ကားကတော့ မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က အမှိုက်ပုံတွေမှာ စည်ပင်ဝန်ထမ်းတွေ မရှိချိန်မှ ပလုံကောက်ခွင့်ရတာကြောင့် ပလုံကောက်သူတွေက ညဘက်မှသာ ပလုံကောက်ကြရဝာာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောထားပါတယ်။
ရန်ကုန်မြို့မှာ မေလအတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူသေဆုံးမှုတွေများပြားနေပြီး ပြီးခဲ့တဲ့ရက်ကလည်း တညင်းကုန်းဈေးရှေ့မှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။


















































