မေ-၂၈၊၂၀၂၆။ သုည/People’s Spring
ထိုင်းနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွှတ်ပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၃၁) မှာပြုလုပ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်းထောက်တွေ အပါအဝင် မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်အားကန့်ကွက်ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက “To Asean: The Myanmar Junta-Led Election Is A Fraud” ၊ “Free Aung San Su Kyi” ၊ “Free Sai Zaw” ၊ “Free Myat Thu Kyaw” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

Public Service Announcement
တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာလည်း ကိုရီးယားနဲ့ မြန်မာလူမျိုးတွေ ပူးပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းပြဖို့ Proof of life လှုပ်ရှားမှု ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – Hein Aung Facebook ၊ CJ





















































