Connect with us

Hi, what are you looking for?

သတင်း

ကမမောင်း -ဖာပွန်လမ်းပိုင်းမှာတိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

ဇွန် – ၁ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။

စစ်တပ်ဟာကမမောင်း -ဖာပွန်ကားလမ်းပေါ်ကရေပူကျေးရွာတဝိုက်ကိုရောက်လာပြီး KNU တပ်မဟာ(၅) ပူးပေါင်းတပ်က ပိတ််ဆို့တိုက်ခိုက်နေတာလို့သိရပါတယ်။

တိုက်ပွဲအတွင်းဒဏ်ရာရတဲ့စစ်သားတွေကိုကမမောင်းမြို့ဘက်ဆီ ပြန်ခေါ်ပြီး ဆေးကုပေးနေတယ်လို့ BGF အမှတ်(၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုကမမောင်းမြို့ ၊အုန်းတောရွာအခြေစိုက် ဗိုလ်မှုးမောင်ချစ်ဦးဆောင်တဲ့ BGF အမှတ်(၁၀၁၄) တပ်ဖွဲ့ဝင်တွေက လိုက်ပါလမ်းပြပေးနေတာလို့အဲဒီသတင်းရင်းမြစ်ကအသိပေးပါတယ်။

KNU တပ်မဟာ(၅)ပူးပေါင်းတပ်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့စစ်တပ်စစ်ကြောင်းဆီကိုလှိုင်းဘွဲ့မြို့နယ် ၊မြိုင်ကြီးငူဒေသမှာရှိတဲ့တပ်ကနေအင်အားပေးပို့နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာကမမောင်း-ဖာပွန်လမ်းပိုင်းကိုစိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့မေလကစတင်ပြီး အင်အားအလုံးအရင်းသုံးကာ ထိုးဖောက်လာတာဖြစ်ပြီးအဲဒီကားလမ်းပိုင်းကကတိုင်တိဒေသဆီ ဦးတည်ချက်ထားနေတာလို့ ကရင်သတင်းရင်းမြစ်ကဆိုပါတယ်။

ကတိုင်တိကတဆင့်ဖာပွန်ဗျုဟာဆီစစ်ကူပို့နိုင်ဖို့ စစ်တပ်ကကြိုးပမ်းနေတာလို့ သိရပါတယ်။

ဖာပွန်ဗျုဟာကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်က မြေပြင်မှာ ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ခြေလျင်၊ခြေမြန်တပ်တွေနဲ့ စစ်အင်အား ၊စားနပ်ရိက္ခာမပေးပို့နိုင်တာကြောင့် လေကြောင်းကနေ ရိက္ခာပေးပို့နေရတာပါ။

အခုတော့အဲဒီစစ်ဗျုဟာဆီ ထိုးဖောက်နိုင်ဖို့အတွက် ကမမောင်း -ဖာပွန် လမ်းပိုင်းကိုစစ်တပ်ကစစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။